မာတိကာဆီ ကျော်သွား

ခရိုအေးရှားနိုင်ငံ၊ ပက်ထရင်ယာမြို့ လမ်းမပေါ်က ပျက်စီးနေတဲ့ အဆောက်အအုံများ

ဇန်နဝါရီ ၈၊ ၂၀၂၁
ခရိုအေးရှား

ခရိုအေးရှားမှာ အင်အားပြင်း ငလျင် လှုပ်ခတ်

ခရိုအေးရှားမှာ အင်အားပြင်း ငလျင် လှုပ်ခတ်

နေရာ

ခရိုအေးရှားနိုင်ငံ၊ ဇာဂရက်မြို့ တောင်ဘက် ၃၁ မိုင်၊ ပက်ထရင်ယာမြို့ အနီး

သဘာဝဘေး

  •   ၂၀၂၀၊ ဒီဇင်ဘာ ၂၉ ရက်နေ့က ခရိုအေးရှားမှာ ပြင်းအား ၆.၄ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တယ်။ ခရိုအေးရှား သမိုင်းမှာ အကြီးမားဆုံး ငလျင် ဖြစ်တယ်

ညီအစ်ကို ညီအစ်မတွေရဲ့ အခြေအနေ

  •   ဒေသမှာ ရှိတဲ့ ကြေညာသူ ၉၁ ယောက်စလုံး တစ်ယောက်မှ ဒဏ်ရာ မရဘူး

  •   ကြေညာသူ ၂၉ ယောက်ကတော့ အိမ်ပြောင်းရွှေ့ခဲ့ရတယ်

ပစ္စည်းဥစ္စာ ဆုံးရှုံးမှု

  •   အိမ် ၉ လုံး အကြီးအကျယ် ပျက်စီးတယ်

  •   အိမ် ၁၆ လုံး အနည်းငယ် ပျက်စီးတယ်

  •   စီစက်မှာ ရှိတဲ့ နိုင်ငံတော်ခန်းမ အနည်းငယ် ပျက်စီးတယ်

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  •   ခရိုအေးရှား ဌာနခွဲက ကယ်ဆယ်ရေး ကော်မတီတစ်ခု ဖွဲ့စည်းပေးတယ်။ ကော်မတီဟာ ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ တိုက်နယ်ကြီးကြပ်မှူး နှစ်ယောက်၊ ဒေသခံ အကြီးအကဲတွေနဲ့ ပူးပေါင်းလုပ်ဆောင်တယ်။ နှစ်သိမ့်အားပေးမှုနဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေ စီစဉ်ပေးတယ်။ အိမ်ပြောင်းရွှေ့ရသူတွေအတွက် ယာယီအိမ်တွေလည်း ဆောက်လုပ်ပေးတယ်

ဒီစိတ်ပျက်စရာအချိန်အတွင်း ညီအစ်ကိုတွေ လိုအပ်တဲ့ အစွမ်းခွန်အားကို ယေဟောဝါ ဆက်ပေးပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—၁ ပေတရု ၅:၁၀