မာတိကာဆီ ကျော်သွား

အတွင်းပုံ။ ချက်သမ္မတနိုင်ငံ၊ အိုစထရာဗာမြို့မှာ လူအများရှေ့သက်သေခံနေ။ ညာ– ရေခဲပြင်ဟော်ကီပြိုင်ပွဲ ကျင်းပခဲ့တဲ့ အိုစထရာဗာမြို့ အားကစားကွင်း (အပေါ်)၊ ပရာ့ဂ်မြို့ ကစားကွင်း (အောက်)

၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက်
ချက်သမ္မတနိုင်ငံ

ချက်သမ္မတနိုင်ငံ ရေခဲပြင်ဟော်ကီ ကမ္ဘာ့ဗိုလ်လုပွဲမှာ အများရှေ့သက်သေခံခြင်း

ချက်သမ္မတနိုင်ငံ ရေခဲပြင်ဟော်ကီ ကမ္ဘာ့ဗိုလ်လုပွဲမှာ အများရှေ့သက်သေခံခြင်း

၂၀၂၄ ခုနှစ်၊ မေ ၁၀ ကနေ ၂၆ ရက်မှာ အပြည်ပြည်ဆိုင်ရာ ရေခဲပြင်ဟော်ကီအဖွဲ့ချုပ်ရဲ့ ကမ္ဘာ့ဗိုလ်လုပွဲကို ချက်သမ္မတနိုင်ငံမှာ ကျင်းပခဲ့တယ်။ ဒီပြိုင်ပွဲကို အိုစထရာဗာမြို့နဲ့ ပရာ့ဂ်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး လူပေါင်း ၈၀၀,၀၀၀ နီးပါး လာရောက်ခဲ့ကြတယ်။ ဒီပြိုင်ပွဲကာလအတွင်း ယေဟောဝါသက်သေတွေက အားကစားကွင်းအပြင်မှာ စာပေ လက်တွန်းစင်တွေနဲ့ သက်သေခံကြတယ်။ အားရစရာ တွေ့ကြုံမှုတွေကို ဖော်ပြလိုက်ပါတယ်။

လူငယ်နှစ်ယောက် စာပေလက်တွန်းစင်အနားကို လာပြီး ညီအစ်ကိုတွေကို ဘယ်သူတွေလဲ၊ ဘာလုပ်နေကြတာလဲလို့ မေးတယ်။ ညီအစ်ကိုတွေက ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းအကြောင်းနဲ့ ကျမ်းစာလေ့လာမှု တောင်းခံနိုင်တဲ့အကြောင်း ပြောပြတယ်။ လူငယ်နှစ်ယောက်ထဲက တစ်ယောက်က ကျမ်းစာလေ့လာတဲ့ အစီအစဉ်ကို ဘယ်အချိန်၊ ဘယ်နေရာမှာ ကျင်းပပေးလဲဆိုပြီး မေးတယ်။ သူအဆင်ပြေတဲ့ အချိန်နဲ့နေရာမှာ လေ့လာနိုင်ကြောင်း ညီအစ်ကိုတွေ ရှင်းပြတဲ့အခါ ကျမ်းစာလေ့လာဖို့ လက်ခံခဲ့တယ်။

နောက်တစ်ရက်မှာ အမျိုးသားသုံးယောက် ကျွန်တော်တို့ ညီအစ်ကိုတွေနဲ့ စကားလာပြောတယ်။ ယေဟောဝါသက်သေတွေဟာ ဟောပြောခြင်းအတွက် လခမရဘူးဆိုတာ သိသွားတော့ အံ့သြသွားတယ်။ တစ်ယောက်က “ခင်ဗျားတို့ လခ မရပဲ ဒီလိုဟောပြောနေတာ တခြားဘာအကျိုးရလို့လဲ” လို့မေးတယ်။ ညီအစ်ကိုတွေက ကျမ်းစာသွန်သင်ချက်တွေဟာ ဘဝကို တိုးတက်ကောင်းမွန်စေပုံ၊ အနာဂတ်မျှော်လင့်ချက်ပေးပုံအကြောင်း ရှင်းပြတယ်။ ရှင်းပြချက်ကို သဘောကျသွားပြီး သူတို့ထဲက တစ်ယောက်က ထပ်သိချင်တဲ့အကြောင်း ပြောတယ်၊ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်လည်း တောင်းသွားတယ်။

အမျိုးသားတစ်ဦးကျတော့ လက်တွန်းစင်ရှေ့မှာ အကြိမ်ကြိမ် ဖြတ်လျှောက်နေတာ။ နောက်ဆုံးတော့ သူရပ်လိုက်ပြီး ယေဟောဝါသက်သေတွေကို “ခင်ဗျားတို့ယုံကြည်ချက်နဲ့ ကျွန်တော့်ဘုရားကျောင်းမှာ သင်ပေးတာတွေ ဘာများကွာသလဲ” ဆိုပြီး မေးတယ်။ ညီအစ်ကိုတွေက ကျမ်းစာကိုသုံးပြီး ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်အကြောင်း အတိုချုပ်ရှင်းပြတယ်။ အဲဒီအမျိုးသား အသေအချာ အာရုံစိုက်နားထောင်ပြီးနောက် ရှင်းရှင်းလင်းလင်း ပြောပြပေးလို့ ကျေးဇူးတင်ကြောင်း ပြောတယ်။ ညီအစ်ကိုတွေက jw.org ထဲက အသွင်အပြင်တချို့ကို ပြပေးပြီး ကျမ်းစာနဲ့ ကျမ်းစာသွန်သင်ရာတွေကို ဝက်ဘ်ဆိုက်သုံးပြီး လေ့လာနိုင်ပုံကိုလည်း ပြသပေးခဲ့တယ်။

“ကောင်းကျိုးချမ်းသာနဲ့ဆိုင်တဲ့ သတင်းကောင်းကို” နားထောင်ချင်သူတွေကို ထက်ထက်သန်သန်နဲ့ ဝေမျှနေကြတဲ့ ချက်သမ္မတနိုင်ငံက ညီအစ်ကို/မတွေကို ကျွန်တော်တို့ ကျေးဇူးတင်လေးမြတ်ပါတယ်။—ရောမ ၁၀:၁၅