မာတိကာဆီ ကျော်သွား

ချီလီနိုင်ငံ၊ ဒိုနိဝေးမြို့ (ဘယ်) နဲ့ လီနာရက်စ်မြို့ (ညာ) မှာ ရေကြီးနေစဉ်

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆ ရက်
ချီလီ

ချီလီနိုင်ငံမှာ ဆိုးဆိုးရွားရွား ရေကြီးလို့ လူထောင်သောင်းချီ ထိခိုက်

ချီလီနိုင်ငံမှာ ဆိုးဆိုးရွားရွား ရေကြီးလို့ လူထောင်သောင်းချီ ထိခိုက်

၂၀၂၃ ခုနှစ်၊ ဇွန် ၂၂ ရက်ကနေ ၂၅ ရက်အထိ ချီလီနိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ ပြင်းထန်တဲ့မုန်တိုင်း တိုက်ခတ်ခဲ့ပြီး မိုးရေချိန် ၂၃ လက်မ ရွာသွန်းခဲ့တယ်။ ရေကြီးတဲ့ဒေသက အိမ်ခြေ ၅,၀၀၀ ကျော် ထိခိုက်ပျက်စီးပြီး လူ ၂၀,၀၀၀ လောက် ရေဘေးဒုက္ခသည်ဘဝ ရောက်ခဲ့တယ်။ ထောင်နဲ့ချီတဲ့ လူတွေကိုလည်း ရွှေ့ပြောင်းပေးနေရဆဲပါ။ လူနှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးပျောက်ဆုံးနေတယ်လို့ သတင်းရရှိတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ညီအစ်ကို၊ ညီအစ်မတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ မရှိ

  • ကြေညာသူ ၂၁၂ ယောက် ဘေးကင်းရာဆီ ပြောင်းရွှေ့

  • အိမ် ၁၃ လုံး ဆိုးဆိုးရွားရွား ပျက်စီး

  • အိမ် ၃၈ လုံး အနည်းငယ် ပျက်စီး

  • ဝတ်ပြုရာခန်းမနဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုမရှိ

ကယ်ဆယ်ရေး လုပ်ငန်း

  • ထောင်နဲ့ချီတဲ့ စေတနာ့ဝန်ထမ်းတွေက ပျက်စီးသွားတဲ့အိမ်တွေကို သန့်ရှင်းရေးလုပ်ပြီး ပြုပြင်ပေးနေကြ

  • တိုက်နယ်ကြီးကြပ်မှူးနဲ့ ဒေသခံအကြီးအကဲတွေက ရေဘေးသင့်သူတွေကို ကျမ်းစာနဲ့ အားပေးနှစ်သိမ့်ပြီး လက်တွေ့ကျ အကူအညီပေးနေ

  • ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြီးကြပ်ဖို့ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ၂ ခု ဖွဲ့စည်း

ဒီသဘာဝဘေးကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ ချီလီက ညီအစ်ကို၊ ညီအစ်မတွေကို ယေဟောဝါ ဆက်လက် နှစ်သိမ့်ပြီး ခွန်အားပေးဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—၂ သက်သာလောနိတ် ၂:၁၆၊ ၁၇