မာတိကာဆီ ကျော်သွား

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်
ချီလီ

ချီလီနိုင်ငံ တောင်ပိုင်းမှာ ရေကြီးရေလျှံလို့ အကြီးအကျယ်ပျက်စီး

ချီလီနိုင်ငံ တောင်ပိုင်းမှာ ရေကြီးရေလျှံလို့ အကြီးအကျယ်ပျက်စီး

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၉ ကနေ ၂၃ ရက်အထိ ချီလီနိုင်ငံ တောင်ပိုင်းမှာ အင်အားပြင်း မုန်တိုင်းတွေတိုက်ခတ်ပြီး ရေကြီးရေလျှံခဲ့တယ်။ ဝမ်းနည်းစရာက အဲဒီဒေသက ရေဘေးသင့် ညီအစ်ကို၊ ညီအစ်မတွေဟာ ၂၀၂၃၊ ဇွန်လတုန်းကလည်း အလားတူ ရေဘေးဒုက္ခကြုံခဲ့ရသူတွေပါ။ ဒီတစ်ကြိမ်က သတင်းတွေအရ ၁၀ နှစ်ကျော်အတွင်း မိုးရွာသွန်းမှု အများဆုံးဖြစ်တယ်။ အယ်နီညို ရာသီဥတုကြောင့် ပစိဖိတ်သမုဒ္ဒရာမှာ ပင်လယ်ရေအပူချိန် မြင့်လာလို့ မိုးအကြီးအကျယ် ရွာသွန်းပြီး နေရာအနှံ့ ရေကြီးရေလျှံတာပါ။ အိမ် ၂၅,၀၀၀ နီးပါး ပျက်စီးပြီး အနည်းဆုံး ၃ ယောက် သေဆုံးခဲ့တယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • အစည်းအဝေးလုပ်ဖို့ အသုံးပြုတဲ့ ညီအစ်ကိုတစ်ယောက်ရဲ့အိမ် ရေကြီးနေ

    ညီအစ်ကို၊ ညီအစ်မတစ်ယောက်မှ ထိခိုက်သေဆုံးခြင်းမရှိ

  • ကြေညာသူ ၂၂၅ ယောက် နေရပ်စွန့်ခွာထွက်ပြေး

  • အိမ် ၁၃ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၃၈ လုံး အနည်းငယ် ပျက်စီး

  • ဝတ်ပြုရာခန်းမ ၃ လုံးနဲ့ အစည်းအဝေးလုပ်ဖို့ အသုံးပြုတဲ့ ညီအစ်ကိုတစ်ယောက်ရဲ့အိမ် အနည်းငယ် ပျက်စီး

ကယ်ဆယ်ရေးလုပ်ငန်း

  • တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံအကြီးအကဲတွေက ဘေးသင့်ဒေသက ညီအစ်ကို/မတွေကို လိုအပ်တဲ့ အကူအညီတွေပေးပြီး ကျမ်းစာနဲ့ အားပေးနှစ်သိမ့်နေကြ

  • ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ်ဖို့ ကယ်ဆယ်ရေးကော်မတီ ၂ ခု ဖွဲ့စည်း

ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ သဘာဝဘေးအန္တရာယ်တွေ မရှိတော့မယ့်အချိန်ကို မျှော်လင့်နေရင်း ချီလီနိုင်ငံက ရေဘေးသင့် ညီအစ်ကို၊ ညီအစ်မတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—ဟေရှာယ ၃၂:၁၈