မာတိကာဆီ ကျော်သွား

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်
ချီလီ

ချီလီနိုင်ငံ၊ ဗယ်ပါရာဆိုဒေသမှာ တောမီး လောင်ကျွမ်း

ချီလီနိုင်ငံ၊ ဗယ်ပါရာဆိုဒေသမှာ တောမီး လောင်ကျွမ်း

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ မြင့်မားတဲ့အပူချိန်နဲ့ လေတိုက်နှုန်းကြောင့် ချီလီနိုင်ငံရဲ့ ကမ်းရိုးတန်းဒေသ ဗယ်ပါရာဆိုမှာ ဆိုးဝါးတဲ့ တောမီးလောင်ကျွမ်းမှုနှစ်ခု ဖြစ်ပွားခဲ့တယ်။ လူနေထူထပ်တဲ့ ဗီနာဒယ်မာမြို့နဲ့ အနီးဝန်းကျင်က အိမ်ခြေ ၁၅,၀၀၀ ကျော် မီးလောင်ပြာကျသွားတယ်။ မီးဘေးသင့်သူအရေအတွက် ၄၀,၀၀၀ လောက် ရှိပြီး အများစုက အခုအထိ ရေ၊ မီး မရသေးဘူး။ မီးဘေးသင့်နေရာတချို့ဆီ ကယ်ဆယ်ရေးတွေ ရောက်ဖို့ အခက်တွေ့နေတုန်းပါ။ လူများစွာ ဒဏ်ရာရပြီး သေဆုံးသူ ၁၃၀ ကျော်တယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ဝမ်းနည်းစရာက ညီအစ်မ ၁ ယောက် ဆုံးပါးသွား

  • ညီအစ်ကို ၁ ယောက် အပြင်းအထန် ဒဏ်ရာရ

  • ညီအစ်ကို/မ ၂၄ ယောက် အနည်းငယ် ဒဏ်ရာရ

  • ညီအစ်ကို/မ ၇၁၅ ယောက် ဘေးလွတ်ရာ ထွက်ပြေးရ

  • ဗီနာဒယ်မာမြို့က ယေဟောဝါသက်သေမိသားစုရဲ့အိမ် မီးလောင်ပျက်စီးသွား

    အိမ် ၇၂ လုံး လုံးဝပျက်စီး

  • အိမ် ၂ လုံး ဆိုးဆိုးရွားရွား ပျက်စီး

  • အိမ် ၁ လုံး အနည်းငယ် ပျက်စီး

  • အစည်းအဝေးခန်းမ တစ်လုံးမှ ပျက်စီးခြင်း မရှိ

  • ဘေးသင့်ဒေသမှာ ညီအစ်ကို/မ ၄,၇၀၀ ခန့် နေထိုင်

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ်ဖို့ ကယ်ဆယ်ရေးကော်မတီတစ်ခု ဖွဲ့စည်း

  • ချီလီဌာနခွဲကိုယ်စားလှယ်တွေက ဘေးသင့်ဒေသက ညီအစ်ကို/မတွေကို သွားရောက်အားပေးခဲ့တယ်။ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံအကြီးအကဲတွေကလည်း ဘေးသင့်သူတွေကို ကျမ်းစာနဲ့အားပေးပြီး လိုအပ်တဲ့အကူအညီတွေ ပေးကြတယ်။

မီးဘေးသင့်သူတွေရဲ့ “ဒုက္ခနဲ့သောကတွေကို” ယေဟောဝါ ကောင်းကောင်းမြင်ပြီး မကြာခင် သဘာဝဘေးမှန်သမျှကို ဖယ်ရှာပေးတော့မယ်ဆိုတာ ကျွန်တော်တို့ စိတ်ချပါတယ်။—ဆာလံ ၁၀:၁၄