၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်
ချီလီ
ဆိုးဝါးတဲ့ တောမီးကြောင့် ချီလီနိုင်ငံ အလယ်ပိုင်းဒေသမှာ ပျက်စီးဆုံးရှုံးမှု များပြား
ချီလီနိုင်ငံမှာ ဒီလိုဆိုးဝါးတဲ့တောမီးလောင်တာ ဆယ်နှစ်အတွင်း နှစ်ကြိမ်ရှိပြီ။ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ကြေညာချက်အရ ၂၀၂၃၊ ဖေဖော်ဝါရီ အစောပိုင်းကစပြီး နိုင်ငံအနှံ့မှာ တောမီးလောင်ကျွမ်းမှု ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး တောမီးလောင်တဲ့ဒေသ ငါးပုံတစ်ပုံကို ငြှိမ်းသတ်ဖို့ ကြိုးစားနေဆဲ ဖြစ်တယ်။ အလယ်ပိုင်းဒေသတွေ ဖြစ်တဲ့ အာရူကာနီယာ၊ ဘီယိုဘီယိုနဲ့ နျူဘယ်ဒေသမှာ မြေဧကပေါင်း ၁,၀၆၂,၅၅၃ (ဟက်တာ ၄၃၀,၀၀၀) ကျော် လောင်ကျွမ်းခဲ့တယ်။ နိုင်ငံရဲ့ အရေးကြီးတဲ့ အခြေခံဝန်ဆောင်မှုတွေ ဖြစ်တဲ့ အမြန်လမ်းမတွေ၊ ဆေးရုံတွေတောင် ထိခိုက်ခဲ့ကြောင်း သတင်းရရှိတယ်။ အနည်းဆုံး လူအယောက် ၆,၀၀၀ ဘေးသင့်ခဲ့ပြီး အိမ်ခြေ ၁,၅၀၀ ကျော် ပျက်စီးသွားတယ်။ လက်ရှိအချိန်ထိဆို သေဆုံးသူ ၂၅ ယောက် ရှိပြီ။
ညီအစ်ကို/မတွေရဲ့ အခြေအနေ
ညီအစ်ကို/မတွေထဲမှာ သေဆုံးသူ မရှိ
ကြေညာသူ ၂၂၂ ယောက် ဘေးကင်းရာကို ရွှေ့ပြောင်းကြရ။ ၇၆ ယောက်ဟာ အခုထိ အိမ်မပြန်နိုင်သေး
အိမ် ၁၈ လုံး ပျက်စီး
နိုင်ငံတော်ခန်းမတွေ ထိခိုက်ပျက်စီးမှု မရှိ
ကယ်ဆယ်ရေး လုပ်ဆောင်မှု
ဒေသခံ အကြီးအကဲတွေ၊ တိုက်နယ်တွေက ဘေးသင့် ညီအစ်ကို/မတွေကို ကျမ်းစာသုံးပြီး အားပေးနှစ်သိမ့်
ကယ်ဆယ်ရေးလုပ်ဆောင်မှုတွေကို ကြီးကြပ်ဖို့ ကယ်ဆယ်ရေးကော်မတီတစ်ခု ဖွဲ့စည်း
ဒီလိုခက်ခဲတဲ့အချိန်မှာ ယေဟောဝါက ‘ဆင်းရဲဒုက္ခအမျိုးမျိုးကြား နှစ်သိမ့်ပေး’ ဖို့ ကျွန်တော်တို့ရဲ့အနားမှာ ရှိနေတယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—၂ ကောရိန္သု ၁:၄။