မာတိကာဆီ ကျော်သွား

ဇူလိုင် ၁၁၊ ၂၀၁၉
ဂရိ

ဂရိနိုင်ငံ၊ အေသင်မြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး

ဂရိနိုင်ငံ၊ အေသင်မြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
  • နေ့စွဲ– ဇွန် ၅-၇၊ ၂၀၁၉

  • နေရာ– ဂရိနိုင်ငံ၊ အေသင်မြို့၊ အိုလံပစ် အားကစားကွင်း

  • ဘာသာစကား– အယ်ဘေးနီးယား၊ အင်္ဂလိပ်၊ ဂရိ လက်သင်္ကေတပြစကား၊ ရိုမန်နီ (ဂရိတောင်ပိုင်း)၊ ရုရှား

  • အများဆုံး တက်ရောက်သူ– ၃၆,၈၇၃

  • နှစ်ခြင်းခံသူ အရေအတွက်– ၄၀၆

  • အပြည်ပြည်ဆိုင်ရာကိုယ်စားလှယ် အရေအတွက်– ၆,၀၀၀

  • ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– အယ်ဘေးနီးယား၊ အာမေးနီးယား၊ ဩစတြေးလျအေးရှား၊ ဘူလ်ဂေးရီးယား၊ ဗဟိုအမေရိက၊ ဗဟိုဥရောပ၊ ဖီဂျီ၊ ဂျပန်၊ ကာဂျစ္စတန်၊ မြောက်မက်ဆီဒိုးနီးယား၊ တူရကီ၊ အမေရိကန်

  • ဒေသခံတွေ့ကြုံမှု– ခရီးသွားဝန်ဆောင်မှု ကိုယ်စားလှယ်တစ်ဦး ဒီလိုပြောတယ်– “ကျွန်တော် အသက်တာတစ်ခုလုံး ခရီးသွားဝန်ဆောင်မှု ကိုယ်စားလှယ်အဖြစ် အလုပ်လုပ်ခဲ့တာ။ ခရီးသည်တွေကို ဒီလောက်အထိ စည်းစနစ်တကျ စီစဉ်ဖွဲ့စည်းပေးနိုင်တဲ့ အဖွဲ့ကို ဘယ်နေရာမှာမှ မတွေ့ဖူးဘူး။ မနေ့က ကျွန်တော် ခင်ဗျားတို့ကို စောင့်ကြည့်နေတာ၊ ကိုယ့်မျက်စိ ကိုယ်တောင် မယုံနိုင်ဘူး။ လူ ၂,၆၀၀ ကို နာရီပိုင်းအတွင်းမှာပဲ စီစဉ်ဖွဲ့စည်းလိုက်နိုင်တာ တကယ်ပညာရှင်တွေထက်တောင် သာတယ်ဗျာ။ ခင်ဗျားတို့ရဲ့ အပြုံးကတော့ အကောင်းဆုံးပါပဲ။ နှစ်နဲ့ချီ ဒီအလုပ်ကို လုပ်ခဲ့တာပါ။ အလုပ်သဘောအရ ပြုံးတာလား၊ နှလုံးသားနဲ့ ပြုံးတာလားဆိုတာ ကျွန်တော် ကောင်းကောင်း ခွဲခြားနိုင်တယ်။ ခင်ဗျားတို့အားလုံးက နှလုံးသားနဲ့ ပြုံးကြတာ။”

 

အစည်းအဝေးမတိုင်မီ အားကစားကွင်းကို ပြင်ဆင်ခဲ့ကြတဲ့ စေတနာ့ဝန်ထမ်း ၄,၀၀၀ ကျော်ထဲက တချို့ကို တွေ့ရစဉ်

ဂရိနိုင်ငံက လူငယ်လေးတွေ ကိုယ်စားလှယ်တွေကို ကြိုဆိုနေကြစဉ်

နှစ်ခြင်းခံခဲ့ကြတဲ့ ညီအစ်ကို၊ ညီအစ်မအသစ် ၄၀၆ ယောက်ထဲက တစ်ဦးကို တွေ့ရစဉ်

ရိုမန်နီအစီအစဉ်ပိုင်းက ညီအစ်မတွေ အစည်းအဝေး ကျင်းပတဲ့နေရာမှာ ဓာတ်ပုံရိုက်နေကြစဉ်။ ဒါက ရိုမန်နီဘာသာစကားနဲ့ ဂရိနိုင်ငံမှာ ကျင်းပတဲ့ ပထမဆုံး အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးဖြစ်

ဒေသခံ ညီအစ်ကို၊ ညီအစ်မတွေနဲ့အတူ ကိုယ်စားလှယ်တွေ အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေကြစဉ်

ကိုယ်စားလှယ်တွေ ဂရိနိုင်ငံက ရှေးဟောင်းအပျက်အယွင်းတွေဆီ လည်ပတ်နေကြစဉ်

ညနေခင်း စုဆုံမှုမှာ တမန်တော်ပေါလုရဲ့ ဂရိနိုင်ငံမှာ အမှုဆောင်လုပ်ငန်းအကြောင်း ကျမ်းစာပြဇာတ် တင်ဆက်နေစဉ်

ကိုယ်စားလှယ်တွေကို ခေတ်ပေါ် ဆီယာတာကီ အကနဲ့ ကပြတင်ဆက်နေစဉ်

ညီအစ်မတစ်ယောက် ရိုးရာ ဂရိကြိုးတပ်တူရိယာ ဘူဇူကီတီးပြီး ဖျော်ဖြေနေစဉ်

ကိုယ်စားလှယ်တွေ ဂရိစကား သင်ယူနေကြစဉ်

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဒေးဗစ် စပလိန်း အစည်းအဝေး တတိယနေ့ အစီအစဉ် နိဂုံးချုပ် ဟောပြောချက်ပေးနေစဉ်၊ ဟောပြောချက်ကို ဂရိလို ဘာသာပြန်ပါတယ်

အထူးအချိန်ပြည့် အမှုဆောင်များ အစည်းအဝေးနောက်ဆုံးနေ့မှာ ပရိသတ်ကို လက်ဝှေ့ယမ်း နှုတ်ဆက်နေကြစဉ်