မာတိကာဆီ ကျော်သွား

ဇူလိုင် ၂၇၊ ၂၀၁၈
ဂရိ

ဂရိတောမီး

ဂရိတောမီး

ဂရိနိုင်ငံ၊ အေသင်မြို့အနီး တောမီးဟာ လေပြင်းတိုက်ခတ်မှုကြောင့် ပိုဆိုးသွာပြီး လူတွေ၊ အိုးအိမ်တွေ ထိခိုက်ပျက်စီးသွားပါတယ်။ တောမီးကြောင့် လူ ၇၆ ဦးထက်မနည်း သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီတောမီးဟာ ဂရိနိုင်ငံမှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးတောမီး ဖြစ်ပါတယ်။

တောမီးကြောင့် ကျွန်တော်တို့ရဲ့ ညီအစ်ကိုတစ်ယောက်မှ ထိခိုက်ခြင်း၊ သေဆုံးခြင်း မရှိဘူးလို့ ယေဟောဝါသက်သေများရဲ့ ဂရိဌာနခွဲရုံးက သတင်းပေးပို့ထားပါတယ်။ ဒါပေမဲ့ မီးဘေးသင့်ဒေသတွေက ညီအစ်ကိုအားလုံး အိုးအိမ်စွန့်ခွာရကာ လောလောဆယ် အနီးနားအသင်းတော်တွေရှိ ညီအစ်ကိုတွေဆီမှာ ခိုလှုံနေကြပါတယ်။ ယေဟောဝါသက်သေတွေရဲ့ အိမ်လေးလုံး ဆိုးရွားစွာ ထိခိုက်ပျက်စီးပြီး အိမ်တစ်လုံးကတော့ လုံးဝ ပျက်စီးသွားပါတယ်။

မီးဘေးသင့် ညီအစ်ကိုတွေအတွက်ရော ညီရင်းအစ်ကိုမေတ္တာကြောင့် မိမိတို့အိမ်မှာ ခိုလှုံနေထိုင်ခွင့်ပြုသူတွေအတွက်ပါ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။ (ယောဟန် ၁၃:၃၄၊ ၃၅) ဒီလိုခက်ခဲတဲ့ကာလမှာ ညီအစ်ကိုတွေကို ယေဟောဝါဘုရား ဆက်ထောက်မပေးသွားမယ်လို့ ယုံကြည်ကြပါတယ်။