မာတိကာဆီ ကျော်သွား

၂၀၂၂၊ မေလ (၄) ရက်
ဂါနာ

ပြန်လည်တည်းဖြတ်ထားတဲ့ တွီ (အာဆန်တီး) စကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ပြန်လည်တည်းဖြတ်ထားတဲ့ တွီ (အာဆန်တီး) စကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ညီအစ်ကို မာ့ခ် ဆန်ဒါစန်ရဲ့ ဟောပြောချက်အပြီးမှာ ပြန်လည်တည်းဖြတ်ထားတဲ့ ကျမ်းစာကို ချက်ချင်း ကူးယူနိုင်ခဲ့ကြ

၂၀၂၂၊ ဧပြီလ (၂၄)၊ တနင်္ဂနွေနေ့မှာ အုပ်ချုပ်ရေးအဖွဲ့ဝင် မာ့ခ် ဆန်ဒါစန်က ပြန်လည်တည်းဖြတ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို တွီ (အာဆန်တီး) ဘာသာစကားနဲ့ ထုတ်ဝေခဲ့ပါတယ်။ ဟောပြောချက်ပြီးပြီးချင်းမှာပဲ ကျမ်းစာကို ဒစ်ဂျစ်တယ်ပုံစံနဲ့ ကူးယူနိုင်ခဲ့ကြတယ်။ ပုံနှိပ်ကျမ်းစာအုပ်တွေကိုတော့ ဩဂုတ်လမှာ ရပါလိမ့်မယ်။

တွီ (အာဆန်တီး) နဲ့ တွီ (အေကွာပမ်) စကား နှစ်မျိုးလုံးဟာ အာဖရိကတိုက် အနောက်ပိုင်းတစ်ခွင်က လူသန်းပေါင်းများစွာ ပြောဆိုတဲ့ အာကန် ဘာသာစကား အုပ်စုဝင် ဖြစ်တယ်။ ၁၈၇၁ ခုနှစ်မှာ တွီကျမ်းစာကို ရရှိခဲ့ပေမဲ့ တွီ (အေကွာပမ်) စကားနဲ့ပဲ ဖြစ်တယ်။ ၁၈၉၇ ခုနှစ်မှာ နောက်ထပ် တွီ (အေကွာပမ်) ကျမ်းစာကို ထုတ်ဝေခဲ့တယ်။ ဒါပေမဲ့ တွီ (အာဆန်တီး) စကားနဲ့ ကျမ်းစာကိုတော့ ၁၉၆၄ ခုနှစ်ရောက်မှပဲ ဦးဆုံးအကြိမ် ထုတ်ဝေနိုင်ခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ ယေဟောဝါသက်သေတွေက တွီ (အာဆန်တီး) စကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ထုတ်ဝေခဲ့တယ်။

ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဉ်ကို ညီအစ်မတစ်ယောက် အိမ်ကနေ ကြည့်ရှုနေ

ဘာသာပြန်တစ်ယောက်က လုပ်ငန်းအကြောင်း ပြန်တွေးကြည့်လိုက်တဲ့အခါ “အစမှာတော့ အလုပ် မနိုင်မနင်းဖြစ်ပုံရပေမဲ့ အကြိမ်ကြိမ် ဆုတောင်းပြီး ယေဟောဝါဘုရားရဲ့ စွမ်းအားတော်ကို အပြည့်အဝ မှီခိုတဲ့အခါ အလုပ်မှာ နေ့တိုင်း ဘုရားရဲ့လက်တော်ကို တွေ့ခဲ့ရတယ်” လို့ ပြောပြတယ်။

တွီ (အာဆန်တီး) စကားနဲ့ ပြန်လည်တည်းဖြတ်ထားတဲ့ကမ္ဘာသစ်ဘာသာပြန်ကျမ်းဟာ ရက်ရောတဲ့ယေဟောဝါဘုရားကို ပိုအမှုဆောင်နိုင်ဖို့ တွီစကားပြော ညီအစ်ကို/မတွေကို ကူညီပေးတဲ့ နောက်ထပ် ဆုလက်ဆောင်တစ်ခုပါပဲ။—ယာကုပ် ၁:၁၇