စက်တင်ဘာ ၁၃၊ ၂၀၁၈
ဂျပန်
ချဲဘီမုန်တိုင်း ဂျပန်ကို ဝင်ရောက်တိုက်ခတ်
၂၀၁၈၊ စက်တင်ဘာ ၄၊ အင်္ဂါနေ့က ဂျပန်နိုင်ငံမှာ အနှစ် နှစ်ဆယ်ကျော်အတွင်း အပြင်းထန်ဆုံး မုန်တိုင်း တိုက်ခတ်မှုကြောင့် ဂျပန်နိုင်ငံအနောက်ပိုင်းမှာ အထိနာခဲ့ပါတယ်။ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေ အမိန့်ထုတ်ပြန်ပြီး မျှော်မှန်းထားတဲ့အတိုင်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု ကြီးမားခဲ့တယ်။
ယေဟောဝါသက်သေတစ်ယောက်မှ အသက်ဆုံးရှုံးမှု မရှိကြောင်း ဂျပန်ဌာနခွဲရုံးက သတင်းရရှိပါတယ်။ ဒါပေမဲ့ ညီအစ်ကို/ မ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြတယ်။ အိမ် ၅၃၈ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်။ ကနဦးသတင်းအရ နိုင်ငံတော်ခန်းမ ၄၄ လုံး ပျက်စီးသွားတယ်။
အိုဆာကာနဲ့ ဆာကာအီက သဘာဝဘေး ကယ်ဆယ်ရေးကော်မတီတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းကို ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။ ပျက်စီးသွားတဲ့ အိမ်တွေကို ပြန်ပြုပြင်ပေးတာ၊ သိုးထိန်းလည်ပတ်တာတွေလည်း ပါဝင်ပါတယ်။
ကျွန်တော်တို့ရဲ့ ဝတ်ပြုသူချင်းတွေ ကြုံနေရတဲ့ အခက်အခဲတွေကို ယေဟောဝါ သိမြင်ပြီး ညီအစ်ကိုအသင်းအပင်းကတစ်ဆင့် ကူညီပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။—ဆာလံ ၃၄:၁၉။