မာတိကာဆီ ကျော်သွား

ဟီတိုယိုရှီမြို့မှာ ရေကြီးရေလျှံဖြစ်နေ

ဇူလိုင် ၂၃၊ ၂၀၂၀
ဂျပန်

ဂျပန်တောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပြီး အပျက်အစီးများပြား

ဂျပန်တောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပြီး အပျက်အစီးများပြား

၂၀၂၀၊ ဇူလိုင် လဆန်းပိုင်းမှာ ဂျပန်နိုင်ငံ၊ ကျူရှူးကျွန်းမှာ စံချိန်တင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေ ဖြစ်ခဲ့တယ်။ ခူမာမိုတိုပြည်နယ်က မီနာမာတာမြို့နဲ့ ဟီတိုယိုရှီမြို့၊ ဖူကူအိုကာပြည်နယ်က အိုမူတာမြို့မှာ ရှိတဲ့ ညီအစ်ကို/မတွေ ရေးဘေးသင့်ကြရတယ်။ ယေဟောဝါသက်သေတစ်ယောက်မှ မသေဆုံးပေမဲ့ ညီအစ်ကိုတစ်ယောက်၊ ညီအစ်မတစ်ယောက် အနည်းငယ် ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ ညီအစ်ကို/မတွေရဲ့ အိမ် ၄၈ လုံး၊ နိုင်ငံတော်ခန်းမ နှစ်လုံး ပျက်စီးသွားတယ်။ နောက်ခန်းမနှစ်လုံးလည်း မြေပြိုမှုကြောင့် ပျက်စီးခဲ့ရတယ်။

COVID-19 အတွက် ကူညီဖို့ ဌာနခွဲက တာဝန်ပေးထားတဲ့ ကျူရှူး/အိုကီနာဝါ ကယ်ဆယ်ရေး ကော်မတီက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းအတွက် စီစဉ်နေပါပြီ။ ဒေသခံ ဒီဇိုင်း/ဆောက်လုပ်ရေး ကိုယ်စားလှယ်တွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေက အရေးပေါ် အကူအညီတွေ ပေးနေပါတယ်။

ရေဘေးသင့် ညီအစ်ကို/မတွေကို “ခံနိုင်ရည်နဲ့ နှစ်သိမ့်မှု ပေးသနားတဲ့” ယေဟောဝါဘုရား ဆက်ထောက်မပေးဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—ရောမ ၁၅:၅