မာတိကာဆီ ကျော်သွား

မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ညီအစ်ကိုတစ်ယောက်ရဲ့ အိမ်

နိုဝင်ဘာ ၁၈၊ ၂၀၁၉
ဂျပန်

ဂျပန်နိုင်ငံကို နောက်ဆုံးတိုက်ခတ်ခဲ့တဲ့ ဘာလွိုင်မုန်တိုင်း

ဂျပန်နိုင်ငံကို နောက်ဆုံးတိုက်ခတ်ခဲ့တဲ့ ဘာလွိုင်မုန်တိုင်း

၂၀၁၉၊ အောက်တိုဘာ ၂၅ နဲ့ ၂၆ မှာ ဂျပန်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းကို မုန်တိုင်း တိုက်ခတ်သွားတယ်။ စက်တင်ဘာလကတည်းက ဂျပန်အရှေ့ပိုင်းကို တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ ဘာလွိုင်ဟာ တတိယမြောက် ဖြစ်တယ်။ ပထမနှစ်ခုက ဖားဆိုင်းနဲ့ ဟာဂျီဘစ်ဖြစ်တယ်။ နောက်ဆုံးမုန်တိုင်း ဘာလွိုင်ကြောင့် မြစ်ရေတွေ လျှံပြီး ရေကြီးခဲ့တယ်။ ညီအစ်ကိုတွေရဲ့ အိမ် ၈၁ လုံး ပျက်စီးသွားပေမဲ့ ညီအစ်ကို၊ ညီအစ်မတစ်ယောက်မှ မသေဆုံးခဲ့ပါဘူး။ ဒါပေမဲ့ ညီအစ်မတစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်။ ဒီမုန်တိုင်းသုံးခုကြောင့် ချီဘာ စီရင်စုနယ်က ညီအစ်ကို၊ ညီအစ်မတွေ ဒုက္ခရောက်ခဲ့ကြတယ်။

ဖားဆိုင်းနဲ့ ဟာဂျီဘစ်မုန်တိုင်းကြောင့် ဘေးသင့်ဒေသမှာ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ (DRC) သုံးခုက ကယ်ဆယ်ရေးလုပ်ငန်းတွေ ထမ်းဆောင်နေတယ်။ အခု အဲဒီကယ်ဆယ်ရေးကော်မတီတွေဟာ ဘာလွိုင်မုန်တိုင်းဒဏ် ခံခဲ့ရသူတွေကိုလည်း ထောက်ပံ့ပေးနေပါတယ်။ ဒီ DRC တွေ ကူညီပေးနေတဲ့ သန့်ရှင်းရေး၊ ရောဂါပိုးသတ်ရေး၊ အိမ်ပြုပြင်ရေး စတာတွေမှာ ဂျပန်ဌာနခွဲက ဝိုင်းကူညီပေးနေတယ်။ ညီအစ်ကို၊ ညီအစ်မတွေကို တိုက်နယ်ကြီးကြပ်မှူးတွေက နှစ်သိမ့်အားပေးနေကြတယ်။

ဒီသဘာဝ ဘေးဒဏ်တွေကြောင့် “စိတ်ကြေကွဲနေ” ကြရတဲ့ ဂျပန်နိုင်ငံက ညီအစ်ကို၊ ညီအစ်မတွေကို ယေဟောဝါ ဂရုစိုက်ပေးမယ်ဆိုတာ စိတ်ချပြီး ဆုတောင်းပေးနေကြပါတယ်။—ဆာလံ ၃၄:၁၈