၂၀၂၁၊ ဖေဖော်ဝါရီ ၂၃
ဂျပန်
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရစ်ချ်တာစကေး ၇.၃ အဆင့်ရှိ မြေငလျင် လှုပ်ခတ်
နေရာ
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဖူကူရှီးမားနဲ့ မီယာဂီ ဒေသ
သဘာဝဘေး
၂၀၂၁၊ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ရစ်ချ်တာစကေး ၇.၃ ရှိတဲ့ ငလျင်ကြောင့် တချို့ဒေသတွေမှာ လျှပ်စစ်မီး၊ ရေ ပြတ်တောက်သွားတယ်။ အဲဒီဒေသမှာပဲ ၂၀၁၁ တုန်းက ရစ်ချ်တာစကေး ၉.၀ ရှိတဲ့ မြေငလျင်ကြောင့် ထိခိုက်မှုတွေ အများကြီး ဖြစ်ခဲ့တယ်
ညီအစ်ကို ညီအစ်မတွေရဲ့ အခြေအနေ
ကြေညာသူ ၁၁ ယောက် ထိခိုက် ဒဏ်ရာရခဲ့
ညီအစ်ကို အများစု လျှပ်စစ်မီးနဲ့ ရေ ယာယီ ပြတ်တောက်ခဲ့
ပစ္စည်းဥစ္စာ ဆုံးရှုံးမှု
နိုင်ငံတော်ခန်းမ ၁၀ လုံး အနည်းငယ် ပျက်စီး
အိမ် ၂၀၅ လုံး အနည်းငယ် ပျက်စီး
အိမ် ၁၃ လုံး အတော်လေး ပျက်စီး
ကယ်ဆယ်ရေး လုပ်ဆောင်မှု
ဘေးသင့်တဲ့ ဒေသက အသင်းတော် အကြီးအကဲတွေနဲ့ တိုက်နယ်ကြီးကြပ်မှူးတွေဟာ ကြေညာသူတွေကို အားပေး နှစ်သိမ့်ကြတယ်။ ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်
ဒေသခံ ဆောက်လုပ်ရေး ကိုယ်စားလှယ်တွေနဲ့ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတွေက ထိခိုက် ပျက်စီးသွားတဲ့ နိုင်ငံတော်ခန်းမနဲ့ အိမ်တွေကို စစ်ဆေးခဲ့ကြတယ်
မြေငလျင်ဒဏ် ခံလိုက်ရတဲ့ သူတွေကို ယေဟောဝါ ဆက်ခွန်အားပေးဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ဖိလိပ္ပိ ၄:၁၃။