မာတိကာဆီ ကျော်သွား

အိုဆာကာမြို့ (ဘယ်) နဲ့ တိုကျိုမြို့ (ညာ- အပေါ်နဲ့အောက်) မှာကျင်းပတဲ့ အထူးကင်ပိန်းမှာ ယေဟောဝါသက်သေတွေ ပါဝင်နေကြ

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀
ဂျပန်

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့နဲ့ တိုကျိုမြို့ အထူးဟောပြောခြင်းကင်ပိန်းမှာ နိုင်ငံခုနစ်နိုင်ငံက ယေဟောဝါသက်သေတွေ ပါဝင်အားဖြည့်

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့နဲ့ တိုကျိုမြို့ အထူးဟောပြောခြင်းကင်ပိန်းမှာ နိုင်ငံခုနစ်နိုင်ငံက ယေဟောဝါသက်သေတွေ ပါဝင်အားဖြည့်

၂၀၂၄ ခုနှစ်၊ မေ ၁၃ ကနေ ဇွန် ၂ ရက်အထိ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့နဲ့ တိုကျိုမြို့မှာ ပြုလုပ်တဲ့ အထူးဟောပြောခြင်းကင်ပိန်းမှာ ဂျပန်နိုင်ငံက ယေဟောဝါသက်သေ ထောင်နဲ့ချီ ပါဝင်ခဲ့ကြတယ်။ ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုက ယေဟောဝါသက်သေ ၃၅၀ လောက်လည်း ပါဝင်အားဖြည့်ခဲ့ကြတယ်။

တိုကျိုနဲ့ အိုဆာကာမြို့မှာ လူဦးရေ ၁၅ သန်းကျော် နေထိုင်တယ်။ ဒေသခံ ကြေညာသူတွေက ဧည့်သည် ညီအစ်ကို/မတွေနဲ့အတူ အများရှေ့ သက်သေခံခြင်း ပုံစံအမျိုးမျိုးမှာ ပါဝင်ခဲ့ကြတယ်။ လူတွေနဲ့ စကားစမြည်ပြောခွင့် ရခဲ့ပြီး ကျမ်းစာသင်အံမှု အတော်များများလည်း စတင်နိုင်ခဲ့တယ်။

ဩစတြေးလျက ညီအစ်မနဲ့ ဂျပန်က ညီအစ်မ ကင်ပိန်းမှာ အတူပါဝင်နေကြ

စာပေလက်တွန်းစင်နဲ့ အမှုဆောင်နေတဲ့ ညီအစ်မတစ်ယောက်က ကျမ်းစာလေ့လာချင်သူနဲ့ တွေ့ဆုံနိုင်ဖို့ ဆုတောင်းခဲ့တယ်။ သိပ်မကြာခင်မှာပဲ အမျိုးသားတစ်ယောက် ရောက်လာပြီး ကျမ်းစာ လေ့လာချင်တဲ့အကြောင်း ပြောတယ်။ တရုတ်စကားပြောတဲ့ အဲဒီအမျိုးသားကို တရုတ်စကားပြောအသင်းတော်က ညီအစ်ကိုနဲ့ ချိတ်ဆက်ပေးလိုက်တယ်။ နှစ်ရက်အကြာမှာ သူ အစည်းအဝေး တက်ရောက်ခဲ့တယ်။

တစ်အိမ်မှတစ်အိမ် အမှုဆောင်မှာ ပါဝင်ရင်း ညီအစ်မတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို “ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ” ဗီဒီယို ပြတယ်။ “ဒီဗီဒီယိုမှာပါတဲ့ မေးခွန်းအားလုံးကို ကျွန်မ သိချင်နေခဲ့တာ” လို့ ပြောပြပြီး ကျမ်းစာလေ့လာဖို့ ဝမ်းပန်းတသာ သဘောတူခဲ့တယ်။ အဲဒီနောက် ညီအစ်မနဲ့အတူ အသင်းတော်အစည်းအဝေး လိုက်တက်ခဲ့တယ်။

အထူးဟောပြောခြင်းကင်ပိန်းကို လာရောက်တဲ့ ဧည့်သည်တွေနဲ့အတူ သူတို့ကို ကြိုဆိုနေတဲ့ အိုဆာကာမြို့၊ ဟွန်မာချီအသင်းတော်က ညီအစ်ကို/မတွေ

ကင်ပိန်းအစီအစဉ်ကြောင့် နိုင်ငံတကာက ညီအစ်ကို/မတွေနဲ့ တွေ့ဆုံပေါင်းသင်းခွင့်ရလို့ အပြန်အလှန် အားပေးခွင့်လည်း ရခဲ့ကြတယ်။ “ဒီကင်ပိန်းမှာ ပါဝင်ခွင့်ပေးလို့ ယေဟောဝါကို သိပ်ကျေးဇူးတင်တာပဲ။ ဒီအတွေ့အကြုံကို အမြဲသတိရနေတော့မှာ” ဆိုပြီး ဂျပန်နိုင်ငံ၊ တာဆူနိုမြို့က အသက် ၂၀ အရွယ် ညီအစ်မ အိုက်ကာ ပြောတယ်။ “တခြားနိုင်ငံက ညီအစ်ကို/မတွေနဲ့ တွဲလုပ်ရတာ ပျော်လည်းပျော်တယ်၊ အားလည်းရှိတယ်” ဆိုပြီး ဒေသခံအသင်းတော်အကြီးအကဲဖြစ်သူ အာကီဟီရို ပြောတယ်။

ဒီအထူးကင်ပိန်းမှာ “စေတနာစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်” ပြီး ယေဟောဝါကို ချီးမွမ်းခဲ့ကြတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။—ဆာလံ ၁၁၀:၃။ ဧဇရ ၃:၁၁