မာတိကာဆီ ကျော်သွား

အောက်တိုဘာ ၂၃၊ ၂၀၁၉
ဂျပန်

ဂျပန်မှာ ဟာဂျီဘစ်မုန်တိုင်း တိုက်ခတ်

ဂျပန်မှာ ဟာဂျီဘစ်မုန်တိုင်း တိုက်ခတ်

၂၀၁၉၊ အောက်တိုဘာ ၁၂ နဲ့ ၁၃ ရက်နေ့တုန်းက ဂျပန်နိုင်ငံမှာ ဟာဂျီဘစ်မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၇၇ ဦး သေဆုံးပြီး အကြီးအကျယ် ရေလွှမ်းခဲ့တယ်။ သောင်းနဲ့ချီတဲ့ လူနေအိမ်တွေမှာ လျှပ်စစ်နဲ့ ရေပြတ်တောက်သွားတယ်။ အစိုးရက ပျောက်ဆုံးနေတဲ့သူတွေကို ဆက်ရှာဖွေနေပါတယ်။ ၁၉၅၈ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ အင်အားအပြင်းဆုံး မုန်တိုင်းအဖြစ် ခေါ်ဆိုခဲ့ပြီး တချို့နေရာတွေမှာ မိုးရေချိန် ၈၈၉ မီလီမီတာ (၃၅ လက်မ) ရှိခဲ့တယ်။

ညီအစ်ကို၊ ညီအစ်မအားလုံးနဲ့ အဆက်အသွယ် ရခဲ့ပြီး မုန်တိုင်းကြောင့် အသက်သေဆုံးသူ မရှိဘူး။ ဒါပေမဲ့ ဒဏ်ရာ အနည်းငယ်ရသူ ၁၀ ယောက် ရှိတယ်။ ညီအစ်ကိုတွေရဲ့ နေအိမ် ၁,၂၀၀ ကျော် ထိခိုက်ပျက်စီးမှု ရှိတယ်။ ဝတ်ပြုရာခန်းမ ၂၃ လုံး ပျက်စီးမှု ရှိတယ်။ အခုလောလောဆယ် ဝတ်ပြုရာခန်းမ ၃ လုံး ရေမြှုပ်နေလို့၊ လျှပ်စစ်မီး မရလို့ အသုံးပြုလို့ မရသေးဘူး။ တိုချီဂီ စည်းဝေးပွဲခန်းမလည်း အနည်းငယ် ပျက်စီးသွားတယ်။

ဖူကူရှီးမားနဲ့ နာဂါနိုဒေသမှာ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတွေ (DRCs) ဖွဲ့စည်းခဲ့တယ်။ တခြားဒေသတွေမှာ မုန်တိုင်းကြောင့် ဘယ်လောက် ပျက်စီးသွားတယ်ဆိုတာ ဌာနခွဲရုံးက သိရတဲ့အခါ နောက်ထပ် ကယ်ဆယ်ရေး ကော်မတီတွေ ဖွဲ့သွားမှာ ဖြစ်တယ်။ ဘေးသင့်ဒေသမှာရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေအတွက် အစားအစာနဲ့ ရေတွေ ထောက်ပံ့ပေးနေပါတယ်။ ညီအစ်ကို၊ ညီအစ်မတွေကို ကျမ်းစာနဲ့ အားပေးနှစ်သိမ့်ဖို့ အဲဒီဒေသတွေက တိုက်နယ်ကြီးကြပ်မှူးတွေကို တာဝန်ပေးထားပါတယ်။

ခက်ခဲတဲ့ ဒီအချိန်မှာ ယေဟောဝါဟာ ညီအစ်ကို၊ ညီအစ်မတွေအတွက် ခိုလှုံရာ ဆက်ဖြစ်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၁၄၂:၅