မာတိကာဆီ ကျော်သွား

ဂျပန် အနောက်တောင်ပိုင်းက လမ်းမကြီးအပေါ် လှိုင်းလုံးကြီးတွေ ရိုက်ခတ်နေစဉ်

အောက်တိုဘာ ၁၀၊ ၂၀၁၉
ဂျပန်

တာဖာမုန်တိုင်း ဂျပန်တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်

တာဖာမုန်တိုင်း ဂျပန်တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်

၂၀၁၉၊ စက်တင်ဘာ ၂၁ ကနေ ၂၃ အထိ အားပြင်းတဲ့ တာဖာမုန်တိုင်းဟာ ဂျပန်တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တယ်။ အဲဒီမုန်တိုင်းကြောင့် လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းရပြီး ရထားလမ်းကြောင်းတွေ ရပ်ဆိုင်းကုန်တယ်။ နေအိမ် ၃၀,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်သွားတယ်။ အိုကီနာဝါကျွန်းနဲ့ ခရူရှူကျွန်းမှာ လူအယောက် ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်။

ဂျပန်ဌာနခွဲရုံး ပေးပို့တဲ့ သတင်းအရ ဆေးရုံတင်လိုက်ရတဲ့ ညီအစ်မတစ်ယောက် အပါအဝင် ကြေညာသူ ငါးယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်။ ညီအစ်ကို၊ ညီအစ်မတွေရဲ့ အိမ် ၅၀ ကျော် အနည်းငယ် ထိခိုက်ပျက်စီးခဲ့တယ်။ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီနဲ့ တာဝန်ရှိ ညီအစ်ကိုတွေဟာ ဒီသဘာဝဘေးကြောင့် ထိခိုက်ခဲ့တဲ့ ကြေညာသူတွေရဲ့ ကာယပိုင်းနဲ့ ဘုရားရေးရာပိုင်းကို ချက်ချင်းကူညီပေးနေကြတယ်။ ဂျပန်ဌာနခွဲက အခြေအနေကို ဆက်စောင့်ကြည့်နေပြီး လိုအပ်သလို ကူညီပေးသွားမှာ ဖြစ်တယ်။

ခက်ခဲတဲ့ ဒီအခြေအနေမှာ ယေဟောဝါဆီက နှစ်သိမ့်မှု ဆက်ရရှိဖို့ ဂျပန်က ညီအစ်ကို၊ ညီအစ်မတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေတယ်။—ဆာလံ ၉၄:၁၉