မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၁၇၊ ၂၀၁၉
ဂျပန်

ဖားဆိုင်းမုန်တိုင်း ဂျပန်ကို ဝင်ရောက်တိုက်ခတ်

ဖားဆိုင်းမုန်တိုင်း ဂျပန်ကို ဝင်ရောက်တိုက်ခတ်

၂၀၁၉၊ စက်တင်ဘာ ၉ ရက်နေ့မှာ အားပြင်းတဲ့ ဖားဆိုင်းမုန်တိုင်းဟာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့အနီးကို ဝင်ရောက်တိုက်ခတ်ခဲ့တယ်။ လေတိုက်နှုန်း တစ်နာရီကို ၁၈၀ ကီလိုမီတာ (၁၁၂ mph ခန့်) ရှိပြီး နေအိမ် ၅၈၀,၀၀၀ လျှပ်စစ်မီး ပြတ်တောက်သွားတယ်။ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့တယ်။

ကြေညာသူ တစ်ယောက်မှ မသေဆုံးပေမဲ့ ညီအစ်ကိုညီအစ်မ ၇ ယောက် ထိခိုက်ဒဏ်ရာ ရတယ်လို့ ဌာနခွဲက သတင်းပေးပို့တယ်။ မုန်တိုင်းကြောင့် ညီအစ်ကိုတွေရဲ့ နေအိမ် ၈၉၅ လုံး၊ နိုင်ငံတော်ခန်းမ ၂၈ လုံး၊ ချီးဘားမှာရှိတဲ့ စည်းဝေးပွဲခန်းမ ၁ လုံး ပျက်စီးသွားတယ်လို့ ကနဦး သတင်းတွေက ဖော်ပြတယ်။

ဖားဆိုင်းမုန်တိုင်းကြောင့် ညီအစ်ကိုတွေ ဘယ်လောက် ထိခိုက်သွားသလဲဆိုတာကို ဌာနခွဲက လေ့လာဆန်းစစ်နေပါတယ်။ “ခံနိုင်ရည်နဲ့ နှစ်သိမ့်မှု ပေးသနားတဲ့ ဘုရားသခင်” ယေဟောဝါက ဒီသဘာဝဘေးကြောင့် ထိခိုက်ခဲ့တဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ဆက် ထောက်မပေးဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။—ရောမ ၁၅:၅