ဇူလိုင် ၂၀၊ ၂၀၁၇
ဂျပန်
မိုးအကြီးအကျယ်ရွာခဲ့လို့ ဂျပန်နိုင်ငံ ကျူရှူကျွန်းမှာ ရေကြီးခဲ့
၂၀၁၇၊ ဇူလိုင် ၅ ရက်တုန်းက ဂျပန်နိုင်ငံတောင်ပိုင်းကို တိုင်ဖွန်းမုန်တိုင်း နန်မာဒို တိုက်ခတ်ခဲ့တယ်။ အဲဒီမုန်တိုင်းကြောင့် နိုင်ငံရဲ့ တတိယအကြီးဆုံး ကျူရှူကျွန်းမှာ မကြုံစဖူး မိုးသည်းထန်စွာ ရွာခဲ့တဲ့အတွက် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ဒါကြောင့် အစိုးရအရာရှိတွေက လူပေါင်း ၄၃၀,၀၀၀ ကျော်ကို အဲဒီဒေသကနေ ထွက်ခွာဖို့ အမိန့်ထုတ်ခဲ့တယ်။ ၁၂ နာရီအတွင်း မိုးရေချိန် လက်မ ၂၀ နီးပါး ရွာချခဲ့ပါတယ်။ ရေကြီးမှုကြောင့် သေဆုံးသူ ၃၄ ဦး ရှိကြောင်း သတင်းအရ သိရပါတယ်။ အထိအခိုက် အများဆုံးကတော့ ကျူရှူကျွန်းရဲ့ မြောက်ဖက် ဖူကိုအိုကာ ဒေသမှာ ဖြစ်ပါတယ်။
သေဆုံးသူ၊ အပြင်းအထန် ဒဏ်ရာရသူတွေထဲမှာ ယေဟောဝါသက်သေတွေ မပါပေမဲ့ သူတို့ရဲ့အိမ် အတော်များများတော့ ရေကြီးမှုကြောင့် ပျက်စီးခဲ့တယ်။ ယုံကြည်သူချင်းတွေရဲ့ လိုအပ်ရာတွေကို ဒေသခံ ယေဟောဝါသက်သေ အသင်းတော်တွေက ကူညီထောက်ပံ့ ပေးနေကြပါတယ်။
Media Contacts:
International: David A. Semonian, Office of Public Information, +1-845-524-3000
Japan: Ichiki Matsunaga, +81-46-233-0005