မာတိကာဆီ ကျော်သွား

ဟီရိုရှီးမားမြို့က ပြန်ပြုပြင်ထားတဲ့ ဝတ်ပြုရာခန်းမ။

နိုဝင်ဘာ ၇၊ ၂၀၁၈
ဂျပန်

ဂျပန် ရေဘေးသင့်သူများကို ယေဟောဝါသက်သေတွေ ကူညီပေးကြ

ဂျပန် ရေဘေးသင့်သူများကို ယေဟောဝါသက်သေတွေ ကူညီပေးကြ

ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ ၂၀၁၈၊ ဇူလိုင်လတုန်းက ရေကြီးခဲ့တယ်။ ရေဘေးသင့်တဲ့ ဒေသမှာ ညီအစ်ကို/မ ၄၇,၀၀၀ ကျော် နေထိုင်ကြတယ်။ ရေဘေးသင့်ပြီး မကြာခင်မှာ စေတနာ့ဝန်ထမ်း ၄,၉၀၀ ခန့်ဟာ ရေဘေးသင့်ဒေသကို သွားပြီး ယေဟောဝါသက်သေတွေရဲ့ ပျက်စီးသွားတဲ့ အိမ်တွေ၊ ဝတ်ပြုရာခန်းမတွေကို သန့်ရှင်းရေး လုပ်ပေးကြတယ်၊ ပြုပြင်ပေးကြတယ်။

စေတနာ့ဝန်ထမ်းတွေ ဝတ်ပြုရာခန်းမက အမှိုက်သရိုက်တွေကို ဖယ်ရှားနေကြစဉ်။

သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီသုံးခုရဲ့ ညွှန်ကြားမှုအောက်မှာ ညီအစ်ကို/မတွေဟာ ရေဘေးကြောင့် ပျက်စီးသွားတဲ့ ဝတ်ပြုရာခန်းမ ကိုးလုံးကို သန့်ရှင်းပြုပြင်ပြီးကြပါပြီ။ နောက်ထပ် ခန်းမတစ်ခုကို ပြုပြင်ပေးနေကြပါတယ်။ ယေဟောဝါသက်သေတွေရဲ့ အိမ် ၁၈၄ လုံးကိုလည်း ပြုပြင်ပြီးပါပြီ။ နောက်ထပ် ၁၁ လုံးကို ဒီနှစ်အတွင်း ပြုပြင်ဖို့ ဇယားဆွဲထားပါတယ်။

အဲဟီမေမြို့က ဝတ်ပြုရာခန်းမ မပြုပြင်မီပုံနဲ့ ပြုပြင်ပြီးနောက်ပုံ။

ရေကြီးလို့ ပျက်စီးသွားတဲ့ အိမ်ကို ညီအစ်ကိုတွေ ပြန်ပြုပြင်ပေးပြီးနောက် အဲဟီမေမြို့က အဘေ မိသားစု။

အကူအညီ ရရှိသူတွေထဲမှာ အဲဟီမေမြို့က တာရိုနဲ့ ကေအီကို အဘေ မိသားစု ပါတယ်။ သူတို့မှာ သားသမီးသုံးယောက် ရှိတယ်။ ရေဘေးသင့်ပြီး သုံးရက်မြောက်နေ့မှာပဲ တိုက်နယ်အတွင်းက ညီအစ်ကို/မတွေ သူတို့အိမ်ကို ရောက်လာပြီး ပြင်ပေးကြတယ်၊ ပျက်စီးသွားတဲ့ ကြမ်းခင်းကိုလည်း အသစ် လဲပေးကြတယ်။ ဒေသခံယေဟောဝါသက်သေတွေက ကလေးတွေအတွက် အိပ်ရာသစ်တွေ၊ စားပွဲသစ်ကိုလည်း ပေးလှူခဲ့ကြတယ်။

ဂျပန်နိုင်ငံကို တာဝန်နဲ့ ရောက်ရှိနေတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ဂျက်ဖရီ ဂျက်ဆင်က ၂၀၁၈၊ စက်တင်ဘာ ၂၀ ရက်၊ အိုကာယာမာ ဝတ်ပြုရာခန်းမမှာ ကျင်းပတဲ့ အထူးအစည်းအဝေးမှာ အားပေးတဲ့ ဟောပြောချက် ပေးခဲ့တယ်။ နားထောင်သူပေါင်း ၃၆,၆၉၁ ယောက်ထဲမှာ မုန်တိုင်းဘေးနဲ့ ငလျင်ဘေး သင့်သူတွေလည်း ပါကြတယ်။ ယေဟောဝါဟာ မိမိလူမျိုး စမ်းသပ်မှုတွေ ကြုံရချိန်မှာ အမြဲ နှစ်သိမ့်ပေးပုံအကြောင်း ညီအစ်ကို ဂျက်ဆင် ရှင်းပြခဲ့တယ်။ သဘာဝဘေး ကြုံခဲ့ရသူတွေကိုလည်း ညီအစ်ကို ဂျက်ဆင် အချိန်ယူ အားပေးနှစ်သိမ့်ခဲ့တယ်။

မေတ္တာကို လုပ်ရပ်နဲ့ တင်ပြတဲ့၊ ကောင်းကင်ဘုံစံ ဖခင်ရဲ့ ဂရုစိုက်မှုကို ရောင်ပြန်ဟပ်တဲ့ ယေဟောဝါရဲ့ အဖွဲ့အစည်းအဝင် ဖြစ်ခွင့်ရထားလို့ ဂျပန်မှာရှိတဲ့ ညီအစ်ကို/မတွေ အပါအဝင် ကျွန်တော်တို့ ကျေးဇူးတင်ကြပါတယ်။—၂ ကောရိန္သု ၁:၃၊ ၄

ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ ၂၀၁၈ ဇူလိုင်လတုန်းက ရေကြီးတဲ့အတွက် ရေဘေးသင့်ခဲ့သူ အိုကာယာမာမြို့က ညီအစ်မတစ်ဦးကို အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂျက်ဖရီ ဂျက်ဆင် တွေ့ဆုံအားပေးနေစဉ်။