မာတိကာဆီ ကျော်သွား

ဇူလိုင် ၁၂၊ ၂၀၁၈
ဂျပန်

ရေဘေးကြောင့် ဂျပန်နိုင်ငံအနောက်ပိုင်း ထိခိုက်ပျက်စီး

ရေဘေးကြောင့် ဂျပန်နိုင်ငံအနောက်ပိုင်း ထိခိုက်ပျက်စီး

ဂျပန်နိုင်ငံအနောက်ပိုင်းမှာ ရေကြီးမြေပြိုမှုကြောင့် လူ ၁၆၉ ကျော် သေဆုံးပြီး အိမ်ထောင်စု ၂၅၅,၀၀၀ ကျော် သောက်ရေမရှိဘဲ ဖြစ်နေကြပါတယ်။

ဒီသဘာဝဘေးကြောင့် ယေဟောဝါသက်သေတစ်ယောက်မှ သေဆုံးခြင်း မရှိပေမဲ့ ၂၀၀ ကိုတော့ ဘေးကင်းရာ ပြောင်းရွှေ့ပေးရပါတယ်။ ညီအစ်မတစ်ယောက် ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတင်ရပါတယ်။ အခုတော့ ပြန်သက်သာနေပါပြီ။ ညီအစ်ကိုတွေရဲ့ အိမ် ၁၀၃ လုံး ထက်မနည်း ထိခိုက်ပျက်စီးပြီး အိမ်တစ်လုံး လုံးဝ ပျက်စီးသွားပါတယ်။ ရေဘေးကြောင့် နိုင်ငံတော်ခန်းမ ၁၁ လုံးနဲ့ စည်းဝေးပွဲခန်းမ တစ်လုံး ပျက်စီးသွားပါတယ်။

ဘေးသင့်တဲ့ ညီအစ်ကို/မတွေကို နှစ်သိမ့်အားပေးဖို့အပြင် အစားအစာ၊ အဝတ်အစား၊ ရေသန့်တို့အပါအဝင် လက်တွေ့ကျကျ ချက်ချင်း ကူညီပေးနိုင်ဖို့ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီလေးခု ဖွဲ့စည်းထားပါတယ်။ ညီအစ်ကိုတွေရဲ့ ပျက်စီးသွားတဲ့အိမ်တွေကို သန့်ရှင်းပြုပြင်ဖို့ ရေရှည်ကယ်ဆယ်ရေးလုပ်ငန်းအတွက်လည်း ဒီကော်မတီတွေ စီစဉ်နေကြပါတယ်။

သဘာဝဘေးအားလုံးကို ကမ္ဘာမြေပေါ်ကနေ ယေရှု ဖယ်ရှားပေးမယ့်အချိန်ကို စောင့်မျှော်ရင်း ဂျပန်နိုင်ငံက ရေဘေးသင့် ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးကြပါတယ်။

 

ထပ်ဖတ်ကြည့်ပါ