စက်တင်ဘာ ၂၈၊ ၂၀၁၈
ဂျပန်
ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးကျွန်းမှာ ငလျင်လှုပ်
ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းမှာ ၂၀၁၈၊ စက်တင်ဘာလ ၆ ရက်နေ့တုန်းက ပြင်းအား ၆.၇ အဆင့်ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တယ်။ ငလျင်ကြောင့် လူ ၄၁ ယောက် သေဆုံးသွားတယ်။ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့တယ်။
ငလျင်ကြောင့် ညီအစ်ကို/မ တစ်ယောက်မှ သေဆုံးခြင်း မရှိပေမဲ့ ခုနစ်ယောက် ထိခိုက်ဒဏ်ရာရကြောင်း ဂျပန်ဌာနခွဲရုံးကနေ သတင်းရရှိပါတယ်။ အိမ်အလုံး ၁၀၀၊ ဝတ်ပြုရာခန်းမ ၄ လုံး ပျက်စီးသွားတယ်။
ငလျင် လှုပ်ပြီးပြီးချင်း ဌာနခွဲရုံး ညွှန်ကြားချက်အရ ကြေညာသူတွေက ဘေးသင့်တဲ့ဒေသက ညီအစ်ကိုတွေအတွက် အစားအစာ၊ ရေနဲ့ တခြားလိုအပ်ရာတွေကို ကူညီထောက်ပံ့ကြပါတယ်။ ရေရှည် ကယ်ဆယ်ရေး လုပ်ငန်းတွေ စီစဉ်ဆောင်ရွက်ဖို့ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတစ်ခု ဖွဲ့စည်းထားပါတယ်။
ငလျင်ဘေးသင့် ညီအစ်ကို/မတွေကို စိတ်ငြိမ်သက်မှု ဆက်ပေးဖို့ ယေဟောဝါဘုရားထံ ကျွန်တော်တို့ ဆုတောင်းကြပါတယ်။—ဖိလိပ္ပိ ၄:၆၊ ၇။