မာတိကာဆီ ကျော်သွား

ရှန်ရှန်မုန်တိုင်းကြောင့် ဂျပန်နိုင်ငံ၊ မီယာဇာကီမြို့က ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်များ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်
ဂျပန်

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ရှန်ရှန်ကြောင့် ဂျပန်တလွား အပျက်အစီးများ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ရှန်ရှန်ကြောင့် ဂျပန်တလွား အပျက်အစီးများ

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၉ ရက်မှာ တိုင်ဖွန်းမုန်တိုင်း ရှန်ရှန်ဟာ တစ်နာရီကို ၉၉ မိုင်နှုန်းနဲ့ ဂျပန်နိုင်ငံ တောင်ပိုင်း ကာဂိုရှီးမားစီရင်စုကို ဝင်ရောက်တိုက်ခတ်တယ်။ ကျူရှူကျွန်း၊ ကန်တိုဒေသတချို့နဲ့ တိုကိုင်ဒေသမှာ ၄၈ နာရီအတွင်း မိုးရေချိန် ၁၆ လက်မကျော် ရွာသွန်းခဲ့တယ်။ မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံ၊ မြေပြိုမှုတွေဖြစ်ပြီး လမ်းတွေ၊ အဆောက်အအုံတွေ ပျက်စီးကုန်တယ်။ လူပေါင်း ၁၂၀ ကျော် ထိခိုက်ဒဏ်ရာရပြီး ၈ ယောက် သေဆုံးခဲ့တယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ညီအစ်ကို/မတစ်ယောက်မှ သေဆုံးခြင်းမရှိ

  • ကြေညာသူ ၃ ယောက် ထိခိုက်ဒဏ်ရာရ

  • အိမ် ၂၄၅ လုံး အနည်းငယ် ပျက်စီး

  • အစည်းအဝေးခန်းမ ၈ လုံး အနည်းငယ် ပျက်စီး

  • မုန်တိုင်းဘေးသင့် ဒေသတွေမှာ ခရိုင်အစည်းအဝေးတွေ ကျင်းပမယ့် ရက်စွဲတွေ အပြောင်းအလဲ လုပ်ခဲ့ရ

ကယ်ဆယ်ရေးလုပ်ငန်း

  • တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဒေသခံ အကြီးအကဲတွေက မုန်တိုင်းဘေးသင့်သူတွေကို ကျမ်းစာနဲ့ အားပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနေကြ

သဘာဝဘေးတွေကြောင့် ဝမ်းနည်းကြေကွဲရပေမဲ့လည်း “ကူညီမစရှင်၊ နှစ်သိမ့်ပေးရှင်” ယေဟောဝါဘုရားရဲ့ ထောက်မပေးမှုကြောင့် ကျွန်တော်တို့ ခွန်အားရှိကြပါတယ်။—ဆာလံ ၈၆:၁၇