၂၀၂၃ ခုနှစ်၊ မတ် ၂၀ ရက်
ဂျာမနီ
ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ဂ်နိုင်ငံတော်ခန်းမမှာ အစည်းအဝေး တက်ရောက်သူများကို သေနတ်သမား ပစ်ခတ်
အရင်က ထုတ်ပြန်ကြေညာခဲ့တဲ့အတိုင်း၊ ဟမ်းဘာ့ဂ်-ဝင်းတားဟု အသင်းတော်ရဲ့ ကြားရက်အစည်းအဝေးအပြီးမှာ သေနတ်သမားတစ်ယောက် ပစ်ခတ်ခဲ့တယ်။ ညီအစ်ကို/မတွေကို ပစ်သတ်၊ ဒဏ်ရာ ရစေခဲ့ပြီးနောက် နိုင်ငံတော်ခန်းမထဲ ရဲတပ်ဖွဲ့ ရောက်လာလို့ ပစ်ခတ်မှု ရပ်တန့်သွားတယ်။ သေနတ်သမားလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တယ်။ အာဏာပိုင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ကမ္ဘာတစ်ဝန်းက လူတွေရဲ့ မေတ္တာ၊ ကြင်နာမှုနဲ့ ဝမ်းနည်းပူဆွေးကြောင်း ထုတ်ဖော်ပြောဆိုချက်တွေကြောင့် နယ်ခံနဲ့ ကမ္ဘာချီ ယေဟောဝါသက်သေတွေ စိတ်ထိမိခဲ့ရတယ်။
ညီအစ်ကို/မတွေရဲ့ အခြေအနေ
ဝမ်းနည်းစရာက ညီအစ်ကို ၄ ယောက်၊ ညီအစ်မ ၂ ယောက်နဲ့ ဒဏ်ရာရ ညီအစ်မရဲ့ မမွေးသေးတဲ့ ကလေး ကွယ်လွန်သွားတယ်။
ညီအစ်ကို ၂ ယောက်နဲ့ ညီအစ်မ ၇ ယောက် ထိခိုက်ဒဏ်ရာ ရတယ်။
ကယ်ဆယ်ရေး လုပ်ဆောင်မှု
ဗဟိုဥရောပ ဌာနခွဲက ကိုယ်စားလှယ်တွေ၊ တိုက်နယ်ကြီးကြပ်မှူး နှစ်ယောက်နဲ့ ဒေသခံ အကြီးအကဲတွေက နှစ်သိမ့်အားပေးပြီး ထောက်မပေးနေပါတယ်။
စည်းလုံးတဲ့ ညီအစ်ကိုအသင်းအပင်းအနေနဲ့ ဒီဖြစ်ရပ်ဆိုးကြောင့် ထိခိုက်နေသူအားလုံးအတွက် ဆုတောင်းပေးနေပါတယ်။ ယေဟောဝါဟာ “ဒုက္ခရောက်ချိန်မှာ ခိုလှုံစရာရဲတိုက်” ဖြစ်တယ်။ ခက်ခဲတဲ့ ဒီအချိန်ကို ခံရပ်ရင်း အေးချမ်းငြိမ်သက်စွာ ဆက်ဝတ်ပြုနိုင်အောင် ကူညီပေးပါလိမ့်မယ်။—နာဟုံ ၁:၇။