မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၁
ဂျာမနီ

မဿဲနဲ့ ယောဟန် ကျမ်းစောင်တွေကို ဂျာမန် လက်သင်္ကေတပြ ဘာသာစကားနဲ့ ထုတ်ဝေ

မဿဲနဲ့ ယောဟန် ကျမ်းစောင်တွေကို ဂျာမန် လက်သင်္ကေတပြ ဘာသာစကားနဲ့ ထုတ်ဝေ

၂၀၂၁၊ ဒီဇင်ဘာ ၁၈ မှာ ဗဟိုဥရောပ ဌာနခွဲ ကော်မတီဝင် ညီအစ်ကို ဒါ့ခ် ဂရွန်မန်ဟာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ပထမအပိုင်းတွေကို ဂျာမန် လက်သင်္ကေတပြ ဘာသာစကားနဲ့ ထုတ်ဝေလိုက်ပါတယ်။ မဿဲကျမ်းနဲ့ ယောဟန်ကျမ်း ထုတ်ဝေခြင်း တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်ကို ကြည့်ရှုသူ ၈၀၀ ရှိခဲ့တယ်။

ဂျာမန်အစိုးရက ဂျာမန် လက်သင်္ကေတပြ ဘာသာစကားကို ၂၀၀၂ ခုနှစ်ကျမှ တရားဝင် အသိအမှတ်ပြုခဲ့တယ်။ ယေဟောဝါသက်သေတွေကတော့ ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက ဂျာမနီမှာ အစည်းအဝေးတွေ၊ ခရိုင်အစည်းအဝေးတွေကို လက်သင်္ကေတပြ ဘာသာစကားနဲ့ ဘာသာပြန်ပေးနေပါပြီ။ အခု၊ ဂျာမန် လက်သင်္ကေတပြ ဘာသာစကား အသင်းတော် ၁၁ ခု၊ အုပ်စု ၂၁ ခုမှာ ကြေညာသူ ၅၇၁ ဦး အမှုဆောင်နေကြပါတယ်။

၁၉၇၃၊ ဂျာမနီ၊ မြူးနစ်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးကြီးမှာ ညီအစ်ကိုတစ်ဦး လက်သင်္ကေတ ဘာသာစကားနဲ့ ဘာသာပြန်ပေးနေစဉ်

ဂျာမန် လက်သင်္ကေတပြ ဘာသာစကားနဲ့ ကျမ်းစာစောင် အပြည့်အစုံကို ထုတ်ဝေတာ ဒါ ပထမဆုံးအကြိမ်ပါ။ အရင်တုန်းက ကြေညာသူတွေဟာ ကိုယ်ပိုင် လေ့လာမှု၊ အမှုဆောင်တွေမှာ သုံးဖို့ ဘာသာပြန်ထားတဲ့ ကျမ်းပိုဒ်တချို့ပဲ ရှိတယ်။

“ကျမ်းစာအပြည့်အစုံ မရှိဘဲ ကျမ်းပိုဒ်တချို့ပဲ ရှိတဲ့အတွက် ကျမ်းစာမူတွေ၊ ယုံကြည်ချက်အတွက် အထောက်အထားတွေ ရှာဖို့ ခက်တယ်။ ကျမ်းပိုဒ်တစ်ပိုင်းစီပဲ ကြည့်ရတဲ့အတွက် နေ့တိုင်း ကျမ်းစာကို ဆင်ခြင်သုံးသပ်ဖို့ အားပေးရတာလည်း သိပ်မလွယ်ဘူး” ဆိုပြီး ကြေညာသူတစ်ဦး ပြောတယ်။

စတူဒီယိုမှာ ဂျာမန် လက်သင်္ကေတ ဘာသာပြန်အဖွဲ့ ဗီဒီယို ရိုက်ကူးနေစဉ်

နားမကြားတွေ ဘုရားရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိအောင် ကူညီပေးတဲ့ ဘုရားရဲ့ တရားစကား ကျမ်းစာကို ဘာသာပြန်ခွင့် ရတာ တကယ် ပျော်တယ်။ ဒီပရောဂျက်မှာ ပါဝင်ရလို့ သိပ်ကျေနပ်တယ်” လို့ ဘာသာပြန်တစ်ယောက် ပြောတယ်။

ဂျာမန် လက်သင်္ကေတပြ ဘာသာစကားနဲ့ ထုတ်ဝေတဲ့ ကျမ်းစာက စိတ်နူးညံ့သူတွေ ယေဟောဝါရဲ့ လမ်းစဉ်အကြောင်း သိအောင် ကူညီပေးနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်။—ဆာလံ ၂၅:၉