မာတိကာဆီ ကျော်သွား

ရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ ဂျော်ဂျီယာ ယေဟောဝါသက်သေ သုံးယောက်နဲ့ အစည်းအဝေးကြီး ကိုယ်စားလှယ် နှစ်ယောက်။

နိုဝင်ဘာ ၂၂၊ ၂၀၁၈
ဂျော်ဂျီယာ

ဂျော်ဂျီယာနိုင်ငံ၊ တဘီလစ်ဆီမြို့မှာ ပထမဦးဆုံး အထူးအစည်းအဝေးကြီး ကျင်းပ

ဂျော်ဂျီယာနိုင်ငံ၊ တဘီလစ်ဆီမြို့မှာ ပထမဦးဆုံး အထူးအစည်းအဝေးကြီး ကျင်းပ

ဂျော်ဂျီယာနိုင်ငံက ညီအစ်ကို/မတွေဟာ မြို့တော် တဘီလစ်ဆီမှာ ၂၀၁၈၊ ဇူလိုင် ၂၀-၂၂ ရက်မှာ ကျင်းပတဲ့ “ရဲစွမ်းသတ္တိ ရှိပါ” အထူးအစည်းအဝေးကြီးကို တက်ရောက်လာကြတဲ့ ၁၈ နိုင်ငံက ကိုယ်စားလှယ်တွေကို လှိုက်လှဲစွာ ကြိုဆိုခဲ့ကြတယ်။ ပထမဆုံးအကြိမ် ဂျော်ဂျီယာနိုင်ငံမှာ ကျင်းပတဲ့ ဒီအထူးအစည်းအဝေးကြီးမှာ ကျမ်းစာအခြေပြု အကြောင်းအရာ အလျှံပယ်၊ လှိုက်လှဲတဲ့ ဧည့်ဝတ်ကျေပွန်မှု၊ မျိုးပေါင်းစုံလင်တဲ့ ရိုးရာယဉ်ကျေးမှု၊ စိတ်ဝင်စားဖွယ် သမိုင်းကြောင်းတို့ကို မြင်တွေ့ခဲ့ရပါတယ်။

အစည်းအဝေးကြီးကို တဘီလစ်ဆီ၊ အိုလံပစ် ပဲလေ့စ် အားကစားကွင်းကြီးမှာ ကျင်းပပြီး အများဆုံး တက်ရောက်သူ ၇,၀၀၂ ယောက် ရှိခဲ့တယ်။ အစီအစဉ်ကို နိုင်ငံတစ်ဝန်းက နေရာ ၈၀ နီးပါးကိုလည်း ချိတ်ဆက်ထုတ်လွှင့်ပေးခဲ့တဲ့အတွက် စုစုပေါင်း တက်ရောက်သူ ၂၁,၅၀၀ ကျော် ရှိတယ်။ အစည်းအဝေးကြီးမှာ အမှတ်ရစရာ အဖြစ်ဆုံး တစ်ခုကတော့ ညီအစ်ကို/မ ၂၀၈ ယောက် နှစ်ခြင်းခံခြင်းပါပဲ။

ကျမ်းစာအခြေပြု ဟောပြောချက် အစီအစဉ်တွေအပြင် ကိုယ်စားလှယ်တွေဟာ ဂျော်ဂျီယာ ယဉ်ကျေးမှုကိုလည်း မြင်တွေ့ခဲ့ကြတယ်။ ဒေသခံ ယေဟောဝါသက်သေတွေက ဧည့်သည်တွေကို တိုင်းရင်းသားအက၊ တေးဂီတ၊ ရိုးရာအစားအစာနဲ့ ဧည့်ခံကြတယ်။ ဧည့်သည်တွေ တဘီလစ်ဆီမြို့ဟောင်းကို လည်ပတ်ခဲ့ကြတယ်။

ဂျော်ဂျီယာ ဌာနခွဲရုံး ကိုယ်စားလှယ် တေမက် ခွတ်ဆီဗီလီ ဒီလိုပြောတယ်- “ကျွန်တော်တို့နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် အမြဲရခဲ့တာတော့ မဟုတ်ဘူး။ ဒီအစည်းအဝေးကြီးမှာတော့ ဒေသခံအာဏာပိုင်တွေ ကောင်းစွာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတဲ့အတွက် ညီအစ်ကို/မများစွာကို ကြိုဆိုခွင့်၊ အစည်းအဝေးကြီးကို အေးချမ်းငြိမ်သက်စွာ ကျင်းပခွင့် ရခဲ့ကြတယ်။ မမေ့နိုင်စရာ အတွေ့အကြုံပါပဲ။”—ရောမ ၁၅:၇

 

၂၀၁၈၊ ဇူလိုင် ၂၀-၂၂ ရက်၊ အိုလံပစ် ပဲလေ့စ်မှာ ကျင်းပတဲ့ အထူးအစည်းအဝေးကြီးမှာ အများဆုံး တက်ရောက်သူ ၇,၀၀၂ ယောက် ရှိတယ်။ နိုင်ငံတစ်ဝန်းက တခြားနေရာတွေကိုလည်း ချိတ်ဆက်ထုတ်လွှင့်ပေးတဲ့အတွက် အစီအစဉ်ကို နောက်ထပ် ၁၄,၉၁၂ ယောက် ကြည့်ရှုနိုင်ခဲ့တယ်။

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို စတီဗင် လတ်က အစည်းအဝေးကြီး ရက်တိုင်းမှာ နိဂုံးချုပ် ဟောပြောချက် ပေးခဲ့တယ်။

အထူးအစည်းအဝေးကြီး အမှတ်ရစရာတစ်ခုကတော့ ညီအစ်ကို/မ ၂၀၈ ယောက် နှစ်ခြင်းခံခြင်းပါပဲ။ ဒီနှစ်ခြင်းကန်ကို အိုလံပစ် ပဲလေ့စ်ကွင်းထဲမှာ တည်ဆောက်ထားတဲ့ သဘာဝကျောက်နံရံနားမှာ ထားရှိတယ်။

တခြားနေရာ ၈၀ ခန့်ကို တိုက်ရိုက် ချိတ်ဆက်ထုတ်လွှင့်ခဲ့တယ်။

ဂျော်ဂျီယာက ညီအစ်မတွေ နိုင်ငံတကာက ဧည့်သည်တွေကို ကြိုဆိုနေကြပါတယ်။ ဒေသခံ ညီအစ်မတစ်ယောက်က ဂျော်ဂျီယာ တောင်တန်းဒေသတွေမှာ ဝတ်ဆင်လေ့ရှိတဲ့ သိုးမွေးဦးထုပ်ကို ဆောင်းထားတယ်။

ဇူလိုင် ၁၇-၁၈ ရက်မှာ တဘီလစ်ဆီမြို့အနီး မူခရာနီရွာက ချာတီအူ မူခရာနီမှာ ပျော်ပွဲရွှင်ပွဲ ကျင်းပပေးခဲ့တယ်။ ဂျော်ဂျီယာ ရိုးရာအက၊ တေးဂီတ တင်ဆက်မှုတွေနဲ့ ဂျော်ဂျီယာနိုင်ငံ သီအိုကရက်တစ်သမိုင်းကြောင်း ဗီဒီယိုနှစ်ခု တင်ဆက်ခဲ့တယ်။

ဒေသခံ ယေဟောဝါသက်သေတွေက (ပင်လက်နက်အနီး၊ နိုင်ငံအနောက်တောင်ဘက်စွန်း အချာရာဒေသကို အစွဲပြုတဲ့) အချာရူလီအက ကပြဖျော်ဖြေနေကြပါတယ်။ တောက်ပတဲ့ ဂျော်ဂျီယာ ရိုးရာဝတ်စုံနဲ့ ကပြတင်ဆက်ကြပါတယ်။

ဒေသခံ ညီအစ်ကိုတွေ ရှေးခေတ် ဂျော်ဂျီယာ ရိုးရာ သီချင်းကြီးကို တင်ဆက်နေကြတယ်။