မာတိကာဆီ ကျော်သွား

ဇွန် ၅၊ ၂၀၁၈
ဂွါတီမာလာ

ဂွါတီမာလာမှာ မီးတောင်ပေါက်ကွဲ

ဂွါတီမာလာမှာ မီးတောင်ပေါက်ကွဲ

ဂွါတီမာလာနိုင်ငံက “မီးတောက် မီးတောင်” လို့အမည်ရတဲ့ ဖူအဲဂိုမီးတောင်ဟာ ၂၀၁၈၊ ဇွန် ၃ ရက်နေ့မှာ ပေါက်ကွဲပြီး ချော်ရည်ပူတွေ စီးထွက်လာတယ်။ မီးတောင်ကနေ မှုတ်ထုတ်တဲ့ ပြာမှုန်တွေဟာ အမြင့် ခြောက်မိုင် (၉ ကီလိုမီတာ) အထိ ရောက်ပါတယ်။ မီးတောင်ဘေးသင့်ဒေသမှာ အနည်းဆုံး အသင်းတော် ၁၀ ခု ရှိပါတယ်။ ညီအစ်ကို/မတစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရပေမဲ့ ရှစ်ယောက်ကိုတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်။ အနီးနား တိုက်နယ်က ညီအစ်ကို/မတွေဟာ ၂ ကောရိန္သု ၈:၁၄၊ ၁၅ မှာပါတဲ့ စိတ်ဓာတ်နဲ့အညီ ထောက်ပံ့ရေးပစ္စည်းတွေ၊ နေစရာတွေ ပြင်ဆင်ပေးပြီး သယ်ယူပို့ဆောင် ပေးကြတယ်။