ဇူလိုင် ၂၆၊ ၂၀၁၉
စပိန်
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
နေ့စွဲ– ဇူလိုင် ၁၉-၂၁၊ ၂၀၁၉
နေရာ– စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ ဝန်ဒါ မက်ထရိုပိုလီတာနို အားကစားကွင်း
ဘာသာစကား– အင်္ဂလိပ်၊ စပိန်၊ စပိန်လက်သင်္ကေတပြစကား
အများဆုံး တက်ရောက်သူ– ၅၂,၅၁၆
နှစ်ခြင်းခံသူ အရေအတွက်– ၄၃၄
အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၆,၃၀၀
ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– အယ်ဘေးနီးယား၊ အာဂျင်တီးနား၊ ဘူလ်ဂေးရီးယား၊ ကနေဒါ၊ ဗဟိုအမေရိက၊ ဒိုမီနီကန်ပြည်သူ့ သမ္မတနိုင်ငံ၊ ဂါနာ၊ ဟန်ဂေရီ၊ ကိုရီးယား၊ နယ်သာလန်၊ ပီရူး၊ စလိုဗီးနီးယား၊ ထိုင်ဝမ်၊ တူရကီ၊ အမေရိကန်
ဒေသခံတွေ့ကြုံမှု– ကိုယ်စားလှယ်တွေ တည်းခိုတဲ့ ဟိုတယ်တစ်ခုက မန်နေဂျာ ဆီဆာ လိုပက်ဇ် ဒီလိုပြောတယ်– “အတော် ထူးခြားတဲ့ အတွေ့အကြုံ ရလိုက်တယ်။ ဒီအခါသမယကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေရဲ့ အပြုံး၊ အမူအကျင့်ကောင်း၊ ဖော်ရွေမှုအကြောင်းတွေကို ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ ပြောလို့ကို မပြီးနိုင်တော့ဘူး။ ကိုယ်စားလှယ်တွေဟာ ဒီကို မလာခင်ကတည်းက ခင်ဗျားတို့ရဲ့ အစည်းအဝေးခေါင်းစဉ် [“မေတ္တာဟာ အစဉ်တည်တယ်”] အကြောင်း သင်ယူသိရှိထားပြီးသား ဖြစ်မယ်လို့ ထင်တယ်။ ဒီဟိုတယ်မှာ တည်းခိုသူအားလုံး မေတ္တာပြခဲ့ကြတယ်။ နောက်ထပ် လာတည်းကြဖို့ ဖိတ်ခေါ်ပါတယ်။”
အဒေါ့ဖို ဆွာရက် မက်ဒရစ် ဘရာဟက်စ် လေဆိပ်ကို ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေကို ဒေသခံ ညီအစ်ကို၊ ညီအစ်မတွေ လှိုက်လှဲစွာ ကြိုဆိုနေကြစဉ်
ဒေသခံ ညီအစ်မနဲ့ ကိုယ်စားလှယ်တစ်ဦး အစည်းအဝေးဖိတ်စာ သုံးပြီး ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နေကြစဉ်
နံနက်ပိုင်း အစီအစဉ်အတွက် အစည်းအဝေး ကျင်းပတဲ့ နေရာကို ကိုယ်စားလှယ်တွေ ဝင်လာကြစဉ်
အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ်တွေ သောကြာနေ့ အစီအစဉ် နိဂုံးပိုင်းမှာ အပြုံးမျက်နှာတွေနဲ့ လက်ဝှေ့ယမ်း နှုတ်ဆက်နေကြစဉ်
အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ အစည်းအဝေး ကျင်းပတဲ့ နေရာတစ်ခုက ယေဟောဝါသက်သေ လူငယ်နှစ်ယောက် စပိန်ဘာသာစကားနဲ့ ပြန်လည်တည်းဖြတ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကူးယူထားတဲ့ ဖုန်းကို ပြနေစဉ်။ မက်ဒရစ်မြို့နဲ့ စပိန်နိုင်ငံတစ်ဝန်း အစည်းအဝေး ကျင်းပတဲ့ တခြားနေရာ ၁၁ ခုမှာ ကျမ်းစာကို သောကြာနေ့မှာ တစ်ပြိုင်တည်း ထုတ်ဝေခဲ့
ညီအစ်ကို၊ ညီအစ်မအသစ် ၄၃၄ ယောက်ထဲက တစ်ဦး နှစ်ခြင်းခံပြီးနောက် ပြုံးနေစဉ်
အထူးအချိန်ပြည့် အမှုဆောင်များ အစည်းအဝေး နောက်ဆုံးနေ့မှာ အစည်းအဝေး ကျင်းပတဲ့နေရာ ကွင်းပြင်ကနေ ပရိသတ်ကို လက်ဝှေ့ယမ်း နှုတ်ဆက်နေကြစဉ်
ညီအစ်ကို၊ ညီအစ်မတွေ အစည်းအဝေး အစီအစဉ်အတွင်း ပျော်ရွှင်စွာ လက်ခုပ်တီးနေကြစဉ်
အစည်းအဝေး နိဂုံးချုပ်ပြီးနောက် အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂဲရစ် လော့ရှ်က အထူးအချိန်ပြည့် အမှုဆောင်တစ်ဦးကို လက်ဆွဲနှုတ်ဆက်နေစဉ်
ညနေခင်း စုဆုံမှုမှာ ရောင်စုံဝတ်စုံ ဝတ်ဆင်ထားတဲ့ ညီအစ်မတွေ စပိန်ရိုးရာအကနဲ့ ဖျော်ဖြေတင်ဆက်နေစဉ်