၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်
စပိန်
စပိန်နိုင်ငံ အရှေ့တောင်ပိုင်း ဆိုးရွားတဲ့ ရေဘေး ကြုံတွေ့
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်၊ စပိန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေမှာ မျှော်လင့်မထားတဲ့ အတိုင်းအတာနဲ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့တယ်။ ဗာလင်စီယာပြည်နယ်၊ ဒေသအတော်များများမှာ ရှစ်နာရီအတွင်း တစ်နှစ်လုံးစာရွာတဲ့ မိုးပမာဏ ရွာသွန်းခဲ့တယ်လို့ သတင်းရရှိတယ်။ ဥပမာ၊ တူးရစ်မြို့မှာ မိုးရေချိန် ၂၅ လက်မ ရွာသွန်းခဲ့တယ်။ အကြီးအကျယ်ရေလွှမ်းပြီး မြေပြိုတဲ့အတွက် မြို့တော်တော်များများ ရွှံ့တွေဖုံးလွှမ်းသွားပြီး လမ်းတွေ၊ တံတားတွေ ရေစီးနဲ့ ပါကုန်တယ်။ လူထောင်နဲ့ချီဟာ အစားအစာ၊ ရေ၊ လျှပ်စစ်မီးတွေ မရှိကြဘူး။ ၂၁၇ ယောက်ထက်မနည်း သေဆုံးသွားပြီး အတော်များများ ပျောက်နေဆဲပါ။
ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ
ဝမ်းနည်းစရာက အသက် ၇၇ နှစ်အရွယ် ညီအစ်မတစ်ယောက် သေဆုံးသွား
ကြေညာသူ ၁၉ ယောက် ဘေးလွတ်ရာကိုရွှေ့ပြောင်း
အိမ် ၁ လုံး လုံးဝပျက်စီး
အိမ် ၂၁ လုံး အကြီးအကျယ် ပျက်စီး
အိမ် ၂၇ လုံး အနည်းငယ် ပျက်စီး
ရေကြီးရေလျှံလို့ ကြေညာသူ ၁၅၇ ယောက်ရဲ့ ကားတွေ ပျောက်ဆုံးသွား
အစည်းအဝေး ခန်းမ ၃ လုံး အကြီးအကျယ် ပျက်စီး
ကယ်ဆယ်ရေးလုပ်ငန်း
ဌာနခွဲကိုယ်စားလှယ်တွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေက ဘေးသင့်သူတွေကို ကျမ်းစာနဲ့ အားပေး၊ နှစ်သိမ့်ပြီး လိုအပ်တဲ့ အကူအညီတွေ ပေးကြ
သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ တစ်ခု ဖွဲ့စည်းပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေ
ရေဘေးနဲ့လွတ်တဲ့ ဒေသက ညီအစ်ကို၊ ညီအစ်မတွေဟာ ရေဘေးသင့် ညီအစ်ကို၊ ညီအစ်မတွေကို မိမိတို့အိမ်မှာ ယာယီတည်းခိုခွင့်ပေးပြီး မေတ္တာပြနေကြ
ရုတ်တရက် ဆိုးရွားတဲ့ ရေဘေးကြုံခဲ့ရတဲ့ စပိန်က ညီအစ်ကို၊ ညီအစ်မတွေအတွက် ကျွန်တော်တို့ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီလိုဒုက္ခရောက်နေချိန်မှာ ကျမ်းစာကတိတွေကနေ ကျွန်တော်တို့ နှစ်သိမ့်မှု၊ ခွန်အား ရရှိကြပါတယ်။ ယေဟောဝါကို မိမိတို့ရဲ့ အစွမ်းသတ္တိ၊ ခွန်အားဖြစ်စေသူတွေဟာ “ဘာကိုမှ မကြောက်” ဘဲ နေနိုင်ပါလိမ့်မယ်။—ဟေရှာယ ၁၂:၂။