မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၆၊ ၂၀၁၉
စပိန်

စပိန်နိုင်ငံ အရှေ့ပိုင်းမှာ ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ပျက်စီး

စပိန်နိုင်ငံ အရှေ့ပိုင်းမှာ ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ပျက်စီး

၂၀၁၉၊ စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း စပိန်နိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းလို့ ထိခိုက်ပျက်စီးမှု အများအပြား ဖြစ်ခဲ့တယ်။ အောက်တိုဘာ ၂၃ ရက်နေ့မှာ ဖရန်ကိုလီမြစ်ရေ တက်လာလို့ တာရာဂိုနာပြည်နယ်မှာ အဆိုးဝါးဆုံး ရေလွှမ်းမိုးခဲ့တယ်။ ဝမ်းနည်းစရာက ရေဘေးကြောင့် လူ ၅ ဦး သေဆုံးခဲ့တယ်။ အဲဒီထဲက ၂ ယောက်က ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေဖြစ်တယ်။ သူတို့ဟာ အသင်းတော် အစည်းအဝေးတစ်ခုကအပြန် တံတားကိုဖြတ်နေတုန်း ကား ရေထဲ မျှောပါသွားလို့ သေဆုံးခဲ့ရတယ်။

ညီအစ်ကိုနှစ်ယောက် သေဆုံးသွားလို့ ဝမ်းနည်းနေတဲ့ ဒေသခံအသင်းတော်က ညီအစ်ကို၊ ညီအစ်မတွေကို အကြီးအကဲတွေက နှစ်သိမ့်ပေးနေပါတယ်။ စပိန်ဌာနခွဲကော်မတီဝင် တစ်ဦးလည်း သူတို့ဆီလည်ပတ်ပြီး နှစ်သိမ့်အားပေးခဲ့တယ်။

ခက်ခဲတဲ့ ဒီအချိန်မှာ ညီအစ်ကို၊ ညီအစ်မတွေကို ယေဟောဝါ ဆက်နှစ်သိမ့်ပေးဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—၂ ကောရိန္သု ၁:၃၊ ၄