မာတိကာဆီ ကျော်သွား

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့က လွှတ်တော်အဆောက်အအုံ

၂၀၂၃ ခုနှစ်၊ မေ ၂၄ ရက်
စပိန်

စပိန်အစိုးရက ယေဟောဝါသက်သေတွေကို အခွန်ကင်းလွတ်ခွင့်ပေး

စပိန်အစိုးရက ယေဟောဝါသက်သေတွေကို အခွန်ကင်းလွတ်ခွင့်ပေး

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆ ရက်မှာ စပိန်အစိုးရက အခွန်ဥပဒေကို ပြင်ဆင်ခဲ့တယ်။ အရေးကြီးတဲ့ ဒီအပြောင်းအလဲကြောင့် စပိန်နိုင်ငံက ယေဟောဝါသက်သေတွေ အများကြီးအကျိုးရသွားတယ်။

အစိုးရက စပိန်နိုင်ငံတစ်ဝန်းက ကျွန်တော်တို့အဖွဲ့အစည်းရဲ့ ဘာသာရေးအဆောက်အအုံတွေကို အခွန်ကင်းလွတ်ခွင့်ပေးတဲ့အပြင် ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းအတွက် အလှူငွေထည့်ဝင်သူတွေကိုလည်း အခွန်သက်သာခွင့်ပေးခဲ့တယ်။ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးကိုယ်တိုင် အသိအမှတ်ပြုထားတဲ့ ဘာသာရေးအဖြစ် ယေဟောဝါသက်သေတွေကို အသိအမှတ်ပြုလိုက်တာပါပဲ။

စပိန်နိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံး ကိုယ်စားလှယ် ညီအစ်ကို ဂျိုအန်း ကိုမာစ် (ဘယ်) နဲ့ သမ္မတဝန်ကြီးရုံးက မစ္စတာ ဖဲလစ် ဘိုလားညိုစ် (ညာ)

၂၀၀၆ ခုနှစ်၊ ဇွန်လတုန်းက ယေဟောဝါသက်သေတွေကို တရားဝင်ဘာသာရေးအဖြစ် အသိအမှတ်ပြုခဲ့ပေမဲ့ တခြားဘာသာရေးအဖွဲ့အစည်းတွေလိုတော့ အခွန်ကင်းလွတ်ခွင့် မပေးခဲ့ဘူး။ ဒါကြောင့် ညီအစ်ကိုတွေက အခွန်ကင်းလွတ်ခွင့်ရဖို့ ဆက်တောင်းဆိုကြတယ်။ ၂၀၂၃၊ ဧပြီ ၂၄ ရက်မှာတော့ မျှော်လင့်မထားတာတစ်ခု ဖြစ်လာတယ်။ သမ္မတဝန်ကြီးရုံးက အရာရှိတွေက ယေဟောဝါသက်သေကိုယ်စားလှယ်တွေကို အစည်းအဝေးခေါ်ပြီး အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေနဲ့ဆိုင်တဲ့ အခွန်ဥပဒေကို ပြင်ဆင်မယ့်အကြောင်း၊ ယေဟောဝါသက်သေတွေကိုလည်း အခွန်ကင်းလွတ်ခွင့်ပေးမယ့်အကြောင်း ပြောပြတယ်။ နှစ်ရက်အကြာ ၂၀၂၃၊ ဧပြီ ၂၆ ရက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေပြင်ဆင်မှုကို အတည်ပြုလိုက်တယ်။ ဒီပြင်ဆင်မှုကို ၂၀၂၃၊ ဇွန်လမှာ တရားဝင်ပြဋ္ဌာန်းမယ်လို့ မျှော်လင့်ပါတယ်။

စပိန်နိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ခိုင်မာစေတဲ့ ဒီအရေးကြီးအပြောင်းအလဲကြောင့် ကျွန်တော်တို့ ဝမ်းသာကြပါတယ်။—ဖိလိပ္ပိ ၁:၇