မာတိကာဆီ ကျော်သွား

ဩဂုတ် ၁၄၊ ၂၀၁၉
ဆလိုဗားကီးယား

ရိုမာနီ (ဆလိုဗားကီးယား အရှေ့ပိုင်း) ဘာသာစကားနဲ့ ပထမဦးဆုံး ခရိုင်အစည်းအဝေး ကျင်းပ

ရိုမာနီ (ဆလိုဗားကီးယား အရှေ့ပိုင်း) ဘာသာစကားနဲ့ ပထမဦးဆုံး ခရိုင်အစည်းအဝေး ကျင်းပ

နှစ်ခြင်းခံသူ ၁၉ ယောက်ထဲက တစ်ယောက်ကို တွေ့ရစဉ်

ဆလိုဗားကီးယားနိုင်ငံ၊ မီချာလိုစီမြို့၊ ဝင်းတားအားကစားကွင်းမှာ ၂၀၁၉၊ ဇူလိုင် ၂၀-၂၁ ရက်နေ့တုန်းက ရိုမာနီဘာသာစကားနဲ့ ပထမဦးဆုံး ခရိုင်အစည်းအဝေး ကျင်းပခဲ့တယ်။ အကျဉ်းချုပ်ထားတဲ့ အစီအစဉ်ကို အများဆုံးတက်ရောက်သူ ၁,၂၇၆ ယောက်ရှိတယ်။ ၁၉ ယောက် နှစ်ခြင်းခံတယ်။

နိုင်ငံလေးနိုင်ငံဖြစ်တဲ့ ဘယ်လ်ဂျီယံ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဂရိတ်ဗြိတိန်၊ ယူကရိန်းနိုင်ငံက ညီအစ်ကို၊ ညီအစ်မတွေ တက်ရောက်ခဲ့ကြတယ်။ ယောရှိဇာတ်လမ်း– ယေဟောဝါကို ချစ်ပါ၊ မကောင်းမှုကို မုန်းပါ ရုပ်ရှင်ဇာတ်လမ်းကို မိခင်ဘာသာစကားနဲ့ ကြည့်ခွင့်ရတဲ့အတွက် တက်ရောက်သူတွေ အလွန်ဝမ်းသာခဲ့ကြတယ်။

ဆလိုဗားကီးယားနိုင်ငံမှာ ပထမဆုံး ရိုမာနီအသင်းတော်စဖွင့်တဲ့ ၂၀၁၄၊ နိုဝင်ဘာလကနေ ငါးနှစ်ကြာမှ ခရိုင်အစည်းအဝေး ကျင်းပနိုင်ခဲ့တာ ဖြစ်တယ်။ အခု ချက်နဲ့ ဆလိုဗက် ဌာနခွဲနယ်မြေမှာ ရိုမာနီအသင်းတော် ၉ ခု၊ အုပ်စု ၁၀ ခု၊ အကြိုအုပ်စု ၁၄ ခု ရှိနေပါပြီ။

ဝင်းတားအားကစားကွင်း မန်နေဂျာ ပီတာ တာပက် ဒီလိုပြောတယ်– “ယေဟောဝါသက်သေတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုကတော့ အကောင်းဆုံးပဲ။ အပြောနဲ့အလုပ် ညီတဲ့သူတွေပါ။ နောက်လည်း ဒီမှာ လာကျင်းပဖို့ ဖိတ်ခေါ်ပါတယ်။”

ခရိုင်အစည်းအဝေး အစီအစဉ်ကြီးကြပ်မှူး ပီတာ ဗာဂါ ဒီလိုပြောတယ်– “ဒီလိုအစည်းအဝေးကြီးမျိုး တစ်ခါမှ မကြုံဖူးသေးဘူး။ ရိုမာနီဘာသာစကားပြော ညီအစ်ကို၊ ညီအစ်မတွေအတွက် ဒီအစည်းအဝေးက သမိုင်းမှတ်တိုင်တစ်ခုပဲ။ တစ်ယောက်ကို တစ်ယောက် မသိကြပေမဲ့ နိဂုံးချုပ်သီချင်းလည်း ဆိုပြီးရော တစ်ယောက်ကို တစ်ယောက် ဖက်ကြတယ်။ အတော်များများက မျက်ရည်တွေနဲ့။”

ဆလိုဗားကီးယားနိုင်ငံက ရိုမာနီဘာသာစကားပြော ကြေညာသူ ၁,၀၁၀ ယောက်အတွက် ကျွန်တော်တို့ ဝမ်းမြောက်ပါတယ်။ ယေဟောဝါလူမျိုးအလယ်မှာ စစ်မှန်တဲ့ ညီရင်းအစ်ကိုမေတ္တာရှိကြောင်း ဒီအစည်းအဝေးတွေက ဖော်ပြတယ်။—ယောဟန် ၁၃:၃၄၊ ၃၅