မာတိကာဆီ ကျော်သွား

သြဂုတ် ၂၂၊ ၂၀၁၇
ဆီရာလီယွန်

ဆီရာလီယွန်မှာ အကြီးအကျယ် မြေပြိုမှုဖြစ်

ဆီရာလီယွန်မှာ အကြီးအကျယ် မြေပြိုမှုဖြစ်

၂၀၁၇၊ သြဂုတ် ၁၄ မနက်ပိုင်းမှာ ဆီရာလီယွန်နိုင်ငံ မြို့တော်ဖရီးတောင်းမှာ ရေကြီးမြေပြိုမှုတွေကြောင့် ဆိုင်တွေ၊ လမ်းတွေနဲ့ အိမ်တွေ အများကြီး ပျက်စီးခဲ့ပါတယ်။ လူ ၄၀၀ ကျော်သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၆၀၀ လောက် ပျောက်ဆုံးနေပါတယ်။ နောက်ထပ်မိုးရွာပြီး ပျက်စီးမှုတိုးလာမှာကို အာဏာပိုင်တွေ စိုးရိမ်နေတယ်။

ဒီသဘာဝဘေးကြောင့် ယေဟောဝါသက်သေ တစ်ယောက်မှ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဆီရာလီယွန် ဌာနခွဲရုံးက သတင်းပို့ပါတယ်။ ဒါပေမဲ့ မိသားစုနှစ်စုကတော့ ရွှေ့ပြောင်းခဲ့ကြရတယ်။ ဒေသခံအကြီးအကဲတွေက သက်သေခံတွေကို ကျမ်းစာနဲ့ ထောက်မအားပေးနေကြပါတယ်။ အကြီးအကဲတွေဟာ နောက်ထပ် ရေကြီးမှုတွေ ဖြစ်လာရင် သတိထားရမယ့် လမ်းညွှန်ချက်တွေကိုလည်း ပေးခဲ့ကြပါတယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Sierra Leone: Collin Attick, +232-76-67-90-75