မာတိကာဆီ ကျော်သွား

ညီအစ်ကို/မတွေ လမ်းဘေးမှာထိုင်ရင်း ဘေးကင်းရာဆီ ခေါ်သွားမယ့် ယာဉ်ကို စောင့်ဆိုင်းနေ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်
ဆူဒန်

ဆူဒန်က ညီအစ်ကို၊ ညီအစ်မတွေ အကြမ်းဖက်မှုကြောင့် ဆက်လက်ထွက်ပြေးနေရ

ဆူဒန်က ညီအစ်ကို၊ ညီအစ်မတွေ အကြမ်းဖက်မှုကြောင့် ဆက်လက်ထွက်ပြေးနေရ

မကျန်းမာတဲ့ ယုံကြည်သူချင်းတစ်ဦးကို ထမ်းစင်ပေါ် ထမ်းရင်း ဝက်ဒ် မက်ဒနီမြို့ကနေ ထွက်ပြေးနေတဲ့ ညီအစ်ကိုတွေ

jw.org သတင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ၂၀၂၃၊ ဧပြီလမှာ ဆူဒန်နိုင်ငံမြို့တော် ခါတွမ်းမှာ လက်နက်ကိုင်အုပ်စုနှစ်ခုကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့လို့ ညီအစ်ကို/မတွေက အရှေ့တောင်ဘက် ၁၀၆ မိုင်အကွာက ဝက်ဒ် မက်ဒနီမြို့ဆီ ထွက်ပြေးတိမ်းရှောင်ကြတယ်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဝက်ဒ် မက်ဒနီမြို့အထိ တိုက်ပွဲ ကူးစက်လာတယ်။ ဒါကြောင့် ညီအစ်ကို/မ အယောက် ၁၅၀ ကျော် အဲဒီကနေ ထပ်ပြီးထွက်ပြေးရတယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ညီအစ်ကို/မတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း မရှိ

  • အနည်းဆုံး ညီအစ်ကို/မ ၁၅၈ ယောက် နေရပ်စွန့်ခွာထွက်ပြေး။ တချို့က အနီးနားမြို့/နိုင်ငံတွေဆီ ထွက်ပြေးခိုလှုံ

  • ဝက်ဒ် မက်ဒနီမြို့မှာ ညီအစ်ကို/မ ၁၀ ယောက်နဲ့ သက်သေခံမဟုတ်တဲ့ ဆွေမျိုးတချို့ ကျန်ရှိနေ

ကယ်ဆယ်ရေးလုပ်ငန်း

  • တိုက်နယ်ကြီးကြပ်မှူးနဲ့ ဒေသခံညီအစ်ကိုတွေက နေရပ်စွန့်ခွာထွက်ပြေးသူတွေကို ကျမ်းစာနဲ့ နှစ်သိမ့်အားပေး

  • ဆူဒန်နဲ့ အနီးနားနိုင်ငံက ကယ်ဆယ်ရေးကော်မတီတွေက ကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက်ကြီးကြပ်ပြီး အစားအစာ၊ ဆေးဝါး၊ နေစရာနဲ့ တခြားအထောက်အပံ့တွေ ပြင်ဆင်ပေးနေ

ဝက်ဒ် မက်ဒနီမြို့မှာ တိုက်ပွဲမဖြစ်ခင် ရက်အနည်းငယ်အလိုက ခရိုင်အစည်းအဝေးမှာ နှစ်ခြင်းခံခဲ့သူ ခုနစ်ယောက်

ဝက်ဒ် မက်ဒနီမြို့မှာ တိုက်ပွဲတွေ မဖြစ်ခင် တစ်ပတ်အလိုမှာ အရှေ့အာဖရိကဌာနခွဲက ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေအတွက် ၂၀၂၃ “စိတ်ရှည်ကြပါ” ခရိုင်အစည်းအဝေးကို အာရဗီစကားနဲ့ ကြည့်နိုင်ဖို့ စီစဉ်ပေးတယ်။ အစီအစဉ်ကိုတက်ရောက်သူ ၂၀၀ နီးပါးထဲက ၁၄၅ ယောက်ဟာ ခါတွမ်းမြို့က အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာတဲ့ ညီအစ်ကို/မ တွေပါ။ ခရိုင်အစည်းအဝေးအစီအစဉ်အတွက် ကျေးဇူးတင်တယ်လို့ ညီအစ်ကို/မ များစွာ ပြောပြကြတယ်။ အထူးသဖြင့် “မင်းတို့ရဲ့လမ်းစဉ်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ” ကျမ်းစာပြဇာတ်ပါ။ သူတို့အဖြစ်နဲ့ အတော်လေး ဆင်တူလို့ ခွန်အားရခဲ့ကြတယ်။ ခရိုင်အစည်းအဝေးမှာ ခုနစ်ယောက် နှစ်ခြင်းခံခဲ့တယ်။

ဆူဒန်နိုင်ငံက ညီအစ်ကို/မတွေ ဒီအခက်အခဲကို ဆက်ခံရပ်နိုင်ဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။ ‘မြေတစ်ခွင်လုံးမှာ စစ်မှုကို ယေဟောဝါ ငြိမ်းစေ’ မယ့်အချိန်ကို ကျွန်တော်တို့ မျှော်လင့်စောင့်စားနေပါတယ်။—ဆာလံ ၄၆:၉