မာတိကာဆီ ကျော်သွား

၂၀၂၃ ခုနှစ်၊ မေ ၁၂ ရက်
ဆူဒန်

ဆူဒန်မှာ တိုက်ပွဲ ပြင်းထန်နေဆဲ

ဆူဒန်မှာ တိုက်ပွဲ ပြင်းထန်နေဆဲ

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၅ ရက်မှာ ဆူဒန်နိုင်ငံရဲ့မြို့တော် ခါတွမ်းမှာ လက်နက်ကိုင် အုပ်စုနှစ်ခုကြား တိုက်ပွဲစဖြစ်တယ်။ တိုက်ပွဲကြောင့် လူ ၆၀၀ ကျော် သေဆုံးပြီး ၅,၀၀၀ ကျော် ဒဏ်ရာရတယ်လို့ သတင်းရရှိတယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ဆူဒန်နိုင်ငံ၊ ခါတွမ်းမြို့တိုက်ပွဲကနေ ထွက်ပြေးလာပြီး ဝက်ဒ် မက်ဒနီမြို့မှာ စုဝေးနေကြတဲ့ ညီအစ်ကို/မတွေကို ကျမ်းစာနဲ့ အားပေးနှစ်သိမ့်နေစဉ်

    ညီအစ်ကို/မ တစ်ယောက်မှ ဒဏ်ရာရ၊ သေဆုံးခြင်းမရှိ

  • အနည်းဆုံး ကြေညာသူ ၃၁၈ ယောက် နေရပ်စွန့်ခွာ ထွက်ပြေး။ တချို့က အိမ်နီးချင်းနိုင်ငံတွေဆီ ဘေးကင်းစွာ ရောက်ရှိ

  • လူကြီး ရှစ်ယောက်နဲ့ ကလေး ငါးယောက်ဟာ အလုပ်နဲ့ ကျောင်းတွေမှာ ယာယီပိတ်မိနေခဲ့။ နောက်ပိုင်း သူတို့အားလုံး မိသားစုတွေနဲ့ ပြန်လည်ဆုံစည်း

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • ဒေသခံအကြီးအကဲတွေက ဘေးသင့်သူတွေကို ကျမ်းစာနဲ့ အားပေးနှစ်သိမ့်

  • ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ်ဖို့၊ လက်တွေ့ကျ အကူအညီတွေပေးနိုင်ဖို့ ဆူဒန်နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ကယ်ဆယ်ရေး ကော်မတီတွေ ဖွဲ့စည်း

အကြမ်းဖက်မှုကြောင့် ဘဝတွေ ဖရိုဖရဲဖြစ်နေတဲ့ ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေပါတယ်။ တစ်ချိန်တည်းမှာ “ငြိမ်သက်ခြင်း” အပြည့်ရှိမယ့် အနာဂတ်ကို စောင့်မျှော်နေပါတယ်။—ဆာလံ ၇၂:၇