မာတိကာဆီ ကျော်သွား

ညီအစ်ကို ဂျိုဗီဒွန် ဘာဘာဟာနိုဗ့်

၂၀၂၀၊ မတ်လ ၃၁
တာဂျစ်ကစ္စတန်

ညီအစ်ကို ဂျိုဗီဒွန် ဘာဘာဟာနိုဗ့်ဟာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်မှုနဲ့ ထောင်ချခံရဖွယ် ရှိ

ညီအစ်ကို ဂျိုဗီဒွန် ဘာဘာဟာနိုဗ့်ဟာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်မှုနဲ့ ထောင်ချခံရဖွယ် ရှိ

၂၀၂၀၊ ဧပြီ ၁၊ ဗုဒ္ဓဟူးနေ့မှာ ဒူရှန်ဘာမြို့တော်မှာရှိတဲ့ တာဂျစ် စစ်ဘက်ဆိုင်ရာ တရားရုံးက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ ညီအစ်ကို ဂျိုဗီဒွန် ဘာဘာဟာနိုဗ့်ရဲ့ အမှု စီရင်ချက်ကို ကြေညာပါမယ်။ သူဟာ အမှုကြားနာစစ်ဆေး မခံရခင် ခက်ခဲတဲ့ အခြေအနေအောက် ငါးလကျော် ဖမ်းချုပ်ခံထားရတယ်။

၂၀၁၉၊ အောက်တိုဘာ ၄ ရက်နေ့မှာ ဟူဂျန်မြို့က စစ်တပ်အရာရှိတွေက အသက် ၁၉ နှစ်အရွယ် ညီအစ်ကို ဂျိုဗီဒွန် ဘာဘာဟာနိုဗ့်ကို စစ်မှုထမ်း စာရင်းသွင်းဖို့ နေအိမ်ကနေ အတင်းအဓမ္မ ခေါ်ဆောင်သွားပြီး ဖမ်းချုပ်ထားပါတယ်။ နှစ်ရက်ကြာပြီးနောက် ဒူရှန်ဘာမြို့အနီး လီနင်ခရိုင်မှာရှိတဲ့ စစ်လေ့ကျင့်ရေးစခန်းကို ရထားနဲ့ ပို့လိုက်ကြတယ်။ နောက်ပိုင်း တပ်ဖွဲ့နံပါတ် ၄၅၀၇၅ ကို ပို့ဆောင်ခံရပြီး အဲဒီမှာ အရာရှိတွေက သူ့ကို စစ်ယူနီဖောင်း ဝတ်ဖို့၊ စစ်တပ်ရဲ့ သစ္စာအဓိဋ္ဌာန်ဆိုဖို့ အတင်းဖိအားပေးကြတယ်။ ၂၀၂၀၊ ဇန်နဝါရီ ၂၈ မှာ သူ့ကို ရာဇဝတ်မှု နဲ့ တရား စွဲဆိုတယ်။

ယေဟောဝါသက်သေ မိဘနှစ်ပါးကလည်း တာဂျစ်ကစ္စတန် အစိုးရ အရာရှိတွေ၊ သမ္မတရုံးနဲ့ စုံစမ်းစစ်ဆေးရေး အရာရှိရုံးတွေဆီ တိုင်ကြားစာ တင်ခဲ့တယ်။ ဒါပေမဲ့ အစားထိုး အရပ်ဘက်လုပ်ငန်းကို အတည်မပြုသေးတဲ့အတွက် ညီအစ်ကို ဘာဘာဟာနိုဗ့်ရဲ့ လုပ်ရပ်ဟာ ရာဇဝတ်မှုမြောက်ကြောင်း၊ သူ့ကို ဖမ်းဆီးခြင်းကလည်း ဥပဒေနဲ့ညီကြောင်း အာဏာပိုင်တွေ အကြောင်းပြန်ခဲ့ကြတယ်။

ဒီလို သတ္တိရှိရှိ ရပ်တည်တဲ့ ညီအစ်ကို ဘာဘာဟာနိုဗ့်နဲ့ မိသားစုကို ခွန်အား၊ စိတ်ငြိမ်သက်မှု ရှိအောင် ယေဟောဝါ ကူညီပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနေပါတယ်။—ဆာလံ ၂၉:၁၁