မာတိကာဆီ ကျော်သွား

၂၀၂၂၊ ဖေဖော်ဝါရီ ၃
တာဂျစ်ကစ္စတန်

ညီအစ်ကို တီအဲရီ အာမဒ်ဇဲရိုရဲ့ လူ့အခွင့်အရေးကို တာဂျစ်ကစ္စတန် အစိုးရ ချိုးဖောက်ကြောင်း ကုလသမဂ္ဂ ကော်မတီ ဆုံးဖြတ်

ညီအစ်ကို တီအဲရီ အာမဒ်ဇဲရိုရဲ့ လူ့အခွင့်အရေးကို တာဂျစ်ကစ္စတန် အစိုးရ ချိုးဖောက်ကြောင်း ကုလသမဂ္ဂ ကော်မတီ ဆုံးဖြတ်

၂၀၂၁၊ ဒီဇင်ဘာ ၁၄ ရက်က ညီအစ်ကို တီအဲရီ အာမဒ်ဇဲရိုကို ဖမ်းဆီးပြီး ကာဇက်စတန်နိုင်ငံဆီ ပြည်နှင်ခြင်းဟာ တာဂျစ်ကစ္စတန်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက ကောက်ချက်ချတယ်။

အဲဒီလို ဖမ်းဆီးခြင်းဟာ “အာဏာရှင်ဆန်” ပြီး ယူအန်ရဲ့ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို ချိုးဖောက်ရာ ရောက်ကြောင်း ကော်မတီက စီရင်တယ်။ အကယ်၍ တီအဲရီဟာ တာဂျစ်ကစ္စတန်ကို ပြန်ချင်တယ်ဆိုရင် အစိုးရအနေနဲ့ တားဆီးခွင့် မရှိကြောင်းလည်း ကော်မတီက ဆုံးဖြတ်တယ်။ “နောက်နောင် အလားတူ လူ့အခွင့်အရေး ချိုးဖောက်ခြင်း မပြုလုပ်ဖို့” တာဂျစ်အာဏာပိုင်တွေ ရှေ့လျှောက် ဂရုစိုက်ရမှာ ဖြစ်တယ်။

၂၀၁၈၊ အောက်တိုဘာ ၄ ရက်နေ့မှာ ယေဟောဝါသက်သေများ အစည်းအဝေး ကျင်းပတဲ့ အိမ်ကို တာဂျစ်အာဏာပိုင်တွေ ဝင်ရောက်စီးနင်းပြီး တီအဲရီကို ဖမ်းချုပ်တယ်။ အမျိုးသား လုံခြုံရေးဌာနကို ခေါ်သွားပြီး မေးမြန်းစစ်ဆေးတယ်။ ၂၀၁၈၊ အောက်တိုဘာ ၁၆ ရက်မှာ တရားသူကြီးက တီအဲရီဟာ နိုင်ငံထဲမှာ တရားမဝင် ရောက်ရှိနေထိုင်တယ်လို့ စွပ်စွဲပြီး ပြစ်ဒဏ်စီရင်တယ်။ တီအဲရီဟာ တာဂျစ်ကစ္စတန်မှာ အလုပ်လုပ်တဲ့ ရုရှားနိုင်ငံသား ဖြစ်တယ်။

တရားသူကြီးက တီအဲရီကို ဒဏ်ငွေ ဆောင်ခိုင်းပြီး ပြည်နှင်ဒဏ် ပေးလိုက်တယ်။

“ကုလသမဂ္ဂ ကော်မတီရဲ့ ဆုံးဖြတ်ချက်က တာဂျစ်ကစ္စတန်မှာ ဘာသာရေး လွတ်လပ်ခွင့် ရှိစေပြီး ယေဟောဝါဘုရားကို စိတ်အေးအေးနဲ့ ဝတ်ပြုစေနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး တီအဲရီ ပြောတယ်။

အခု တာဂျစ်ကစ္စတန်နိုင်ငံမှာ အကျဉ်းကျနေတဲ့ ညီအစ်ကိုတစ်ဦး ရှိတယ်။

ယေဟောဝါဘုရားက ညီအစ်ကိုတွေကို “တည်မြဲတဲ့ ငြိမ်သက်မှု ပေးလိမ့်မယ်” ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။—ဟေရှာယ ၂၆:၃