မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၇၊ ၂၀၂၁
တာဂျစ်ကစ္စတန်

ညီအစ်ကို ရပ်စတန်ညွန် နိုရို့ဗ်ကို တာဂျစ် စစ်ဘက်ဆိုင်ရာ တရားရုံးက ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်

ညီအစ်ကို ရပ်စတန်ညွန် နိုရို့ဗ်ကို တာဂျစ် စစ်ဘက်ဆိုင်ရာ တရားရုံးက ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်

ညီအစ်ကို ရပ်စတန်ညွန် နိုရို့ဗ်ဟာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့အတွက် ၂၀၂၁၊ ဇန်နဝါရီ ၇ ရက်နေ့မှာ တာဂျစ် စစ်ဘက်ဆိုင်ရာ တရားရုံးက ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်လိုက်တယ်။

စီရင်ချက် မချခင်လေးမှာ ရပ်စတန်ညွန်ဟာ တရားရုံးမှာ စကားပြောခွင့် ရတယ်။ စစ်မှုထမ်းဖို့ ငြင်းဆန်ရတဲ့ အကြောင်းရင်းကို ရှင်းပြဖို့ ကျမ်းချက်များစွာကို သတ္တိရှိရှိ ကိုးကားခဲ့တယ်။ ဘုရားကို ဆက်သစ္စာရှိဖို့ ဘာက ကူညီပေးကြောင်းကိုလည်း ရှင်းပြခဲ့တယ်။

“ဘာလို့လဲဆိုတော့ ကျွန်တော့်ကို အစွမ်းခွန်အားပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်လို့ပဲ” ဆိုတဲ့ ဖိလိပ္ပိ ၄:၁၃ ကို ကိုးကားခဲ့တယ်။ “ဒီအချိန်တစ်လျှောက်လုံး ကျွန်တော့်ဘုရား ယေဟောဝါ ကျွန်တော်နဲ့အတူ ရှိပြီး အရှုံးမပေးဖို့၊ စိတ်ဓာတ်မကျဖို့၊ ဆက်ပျော်ရွှင်ဝမ်းမြောက်နေဖို့၊ ဆက်ပြုံးနေဖို့ ခွန်အားပေးနေတယ်လို့ ခံစားရတယ်။ ဒါကြောင့် ဘုရားသခင်ကို သိပ်ကျေးဇူးတင်ပါတယ်။ ဘုရားရဲ့ သက်သေတစ်ယောက်အနေနဲ့ ဝတ်ပြုကိုးကွယ်ခွင့်ရလို့ သိပ်ဂုဏ်ယူပါတယ်” လို့ ရပ်စတန်ညွန် ပြောတယ်။