၂၀၂၁၊ မတ် ၁၉
တာဂျစ်ကစ္စတန်
ညီအစ်ကို ရှာမီ ခါကီမို့ကို လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ တောင်းဆို
၂၀၂၁၊ မတ် ၁၉ မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ (CCPR) က အသက် ၇၀ အရွယ် ညီအစ်ကို ရှာမီ ခါကီမို့ရဲ့ ကျန်းမာရေးအတွက် ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ တာဂျစ်ကစ္စတန်ကို တောင်းဆိုလိုက်တယ်။ မကျန်းမာတဲ့ ညီအစ်ကိုဟာ ယုံကြည်ချက်အတိုင်း အေးအေးဆေးဆေး နေထိုင်လို့ ၂၀၁၉၊ ဖေဖော်ဝါရီကတည်းက ထောင်ချခံနေရတာ ဖြစ်တယ်။ ညီအစ်ကို ခါကီမို့ကို အထူးကု ဆေးရုံမှာ တင်ပေးဖို့၊ ညီအစ်ကိုရဲ့ အမှုကို CCPR မှာ သုံးသပ်နေစဉ်အတွင်း ထောင်ဒဏ်အစား တခြားပြစ်ဒဏ် ပြောင်းပေးဖို့ တာဂျစ်ကစ္စတန် အာဏာပိုင်တွေကို CCPR တောင်းဆိုထားတယ်။