စက်တင်ဘာ ၂၂၊ ၂၀၂၁
တာဂျစ်ကစ္စတန်
တာဂျစ်ကစ္စတန် အကျဉ်းထောင်ကနေ ညီအစ်ကို ရပ်စတန်ညွန် နိုရို့ဗ် လွတ်လာ
၂၀၂၁၊ စက်တင်ဘာ ၂၁ မှာ ညီအစ်ကို ရပ်စတန်ညွန် နိုရို့ဗ်ဟာ တာဂျစ်ကစ္စတန်၊ ယဗန်မြို့ အကျဉ်းထောင်ကနေ လွတ်လာတယ်။ သူ့ရဲ့ ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်ထဲ မဝင်လို့ ၂၀၂၀၊ အောက်တိုဘာကတည်းက ဖမ်းဆီးထိန်းသိမ်းခံရတယ်။ ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်ပေမဲ့ လဆန်းပိုင်းမှာ ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေအသစ်ကြောင့် လွတ်လာတယ်။