မာတိကာဆီ ကျော်သွား

အောက်တိုဘာ ၂၊ ၂၀၁၉
တာဂျစ်ကစ္စတန်

တာဂျစ်အာဏာပိုင်တွေက အသက် ၆၈ နှစ်အရွယ် ညီအစ်ကို ရှာမီ ခါကီမို့ကို ထောင်ဒဏ် ခုနစ်နှစ်ခွဲ မတရား စီရင်ချက်ချ

တာဂျစ်အာဏာပိုင်တွေက အသက် ၆၈ နှစ်အရွယ် ညီအစ်ကို ရှာမီ ခါကီမို့ကို ထောင်ဒဏ် ခုနစ်နှစ်ခွဲ မတရား စီရင်ချက်ချ

၂၀၁၉၊ စက်တင်ဘာ ၁၀ ရက်နေ့မှာ တာဂျစ်ကစ္စတန်နိုင်ငံ၊ ဟူဂျန်မြို့ တရားရုံးက ညီအစ်ကို ရှာမီ ခါကီမို့ကို တခြားသူတွေကို ဘာသာရေးယုံကြည်ချက်အကြောင်း ပြောပြရုံနဲ့ ထောင်ဒဏ် ခုနစ်နှစ်ခွဲ ပြစ်ဒဏ်ချမှတ်လိုက်တယ်။ ယေဟောဝါသက်သေတွေက ဒီအမှုကို အယူခံဝင်ပါတယ်။

ညီအစ်ကို ခါကီမို့ရဲ့ ဒုက္ခသုက္ခက ၂၀၁၉ နှစ်ဆန်းပိုင်းမှာ အစပြုခဲ့တယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ အာဏာပိုင်တွေက အသက် ၆၈ နှစ်အရွယ် ရှာမီ ခါကီမို့ကို “ဘာသာရေး မုန်းတီးဖို့ လှုံ့ဆော်မှု” နဲ့တရားစွဲပြီး ဖမ်းဆီးလိုက်ကြတယ်။ ပြီးတဲ့နောက် တရားရုံးက စုံစမ်းစစ်ဆေးခြင်းမပြုဘဲ ချုပ်နှောင်ထားလိုက်တာ ခြောက်လကြာသွားတယ်။ မတရား ထောင်ချခံရရုံသာ မကဘူး၊ ညီအစ်ကို ခါကီမို့မှာ သွေးတိုးရောဂါရှိပြီး ခွဲစိတ်ကုသမှု ခံယူထားရာကနေ ပြန်နာလန်ထူနေချိန် ဖြစ်တယ်။

အသက် ၁၈ နှစ်အရွယ် ဒန်နီ အစ္စလာမို့ကို စစ်ယူနီဖောင်းဝတ်ဖို့ ငြင်းဆိုမှုနဲ့ ထောင်ဒဏ် ခြောက်လ ပြစ်ဒဏ်စီရင်ချက်ချခဲ့တဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း တာဂျစ်ကစ္စတန်နိုင်ငံမှာ ယေဟောဝါသက်သေတွေထဲက ပထမဆုံး ထောင်ချခံရသူဟာ ညီအစ်ကို ခါကီမို့ ဖြစ်တယ်။ တာဂျစ်ကစ္စတန်နိုင်ငံဟာ ယေဟောဝါသက်သေတွေကို ထောင်ချတဲ့ နိုင်ငံ ငါးနိုင်ငံထဲက တစ်နိုင်ငံ ဖြစ်လာပါပြီ။ တခြား လေးနိုင်ငံက အီရီထရီးယား၊ ရုရှား၊ စင်္ကာပူနဲ့ တာ့ခ်မင်နစ္စတန်နိုင်ငံတို့ ဖြစ်တယ်။

စမ်းသပ်မှုကို ခံရပ်နိုင်ဖို့ ညီအစ်ကို ခါကီမို့ လိုအပ်ရာအားလုံးကို ယေဟောဝါ ဆက်ထောက်ပံ့ပေးဖို့ ကျွန်တော်တို့ ဆုတောင်းပေးကြပါတယ်။—ရောမ ၁၅:၅