မာတိကာဆီ ကျော်သွား

ညီအစ်ကို ဗန်ယာမင် ဂင်ဂျီယေ့ဗ်

၂၀၂၁၊ ဖေဖော်ဝါရီ ၃
တာ့ခ်မင်နစ္စတန်

ကြားနေခြင်းကြောင့် ညီအစ်ကို ဂင်ဂျီယေ့ဗ် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရ

ကြားနေခြင်းကြောင့် ညီအစ်ကို ဂင်ဂျီယေ့ဗ် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရ

စီရင်ချက်

၂၀၂၁၊ ဇန်နဝါရီ ၁၉ မှာ တာ့ခ်မင် တရားရုံးက ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုမထမ်းတဲ့ ညီအစ်ကို ဗန်ယာမင် ဂင်ဂျီယေ့ဗ်ကို ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်။

ကိုယ်ရေးအကျဉ်း

ဗန်ယာမင် ဂင်ဂျီယေ့ဗ်

  • မွေးဖွားတဲ့နှစ်– ၂၀၀၀ (ဆာဒီမြို့)

  • ဘဝအတ္ထုပ္ပတ္တိ– ယေဟောဝါသက်သေတစ်ယောက်အဖြစ် ကြီးပြင်းလာတယ်။ အသက် ၁၅ နှစ်မှာ ကြေညာသူ ဖြစ်လာပြီး အသက် ၁၉ မှာ နှစ်ခြင်းခံတယ်။ နူးညံ့ပြီး ပေါင်းသင်းဆက်ဆံရ လွယ်ကူသူအဖြစ် လူသိများတယ်

    ကားပြင် သင်တန်း တက်ရောက်ထားပြီး ဂီတာတီးရတာ နှစ်သက်တယ်။ ယုံကြည်ချက်ကြောင့် အတန်းဖော်တွေ လှောင်ပြောင်တာ ခံရတယ်။ ဒါကြောင့် ကျမ်းစာ အခြေခံ ယုံကြည်ချက်တွေကို ခုခံတတ်လာတယ်

အမှုနောက်ကြောင်း

၂၀၁၈၊ ဇူလိုင်မှာ ဗန်ယာမင်ဟာ စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့အတွက် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရပြီး ၂၀၁၉၊ ဇွန် ၂၅ မှာ ပြန်လွတ်လာတယ်။

၂၀၂၀၊ ဒီဇင်ဘာ ၂၅ မှာ ဒီယန်နို ခရိုင် အစိုးရ ရှေ့နေရုံးကို ဆင့်ခေါ်ခံရတယ်။ စစ်မှုထမ်းဖို့ ငြင်းဆန်ရတဲ့ အကြောင်းရင်းကို စာရေးရှင်းပြဖို့ အာဏာပိုင်တွေ တောင်းဆိုတယ်။ ၂၀၂၀၊ ဒီဇင်ဘာ ၃၀ မှာ အစိုးရ ရှေ့နေရုံးက သူ့ကို ရာဇဝတ်မှုနဲ့ နောက်တစ်ကြိမ် တရားစွဲလိုက်ကြောင်း အသိပေးတယ်။ နိုင်ငံကူးလက်မှတ်ကိုလည်း သိမ်းလိုက်တယ်။

ဦးဆုံးအကြိမ် ထောင်ကျတုန်းကအကြောင်း ဗန်ယာမင် ဒီလိုပြောတယ်– “ယေဟောဝါဘုရားရဲ့ ထောက်မမှုကို ကျွန်တော် ခံစားခဲ့ရတယ်။ ယုံကြည်ခြင်း ပိုခိုင်မာလာပြီး ခံနိုင်ရည် ရှိဖို့ ခွန်အား ရလာတယ်။ ယေဟောဝါဆီ ဆုတောင်းပြီး တခြားအကျဉ်းသားတွေကို သတင်းကောင်း ဟောတယ်။ ဒါက စိတ်ဓာတ်မကျအောင် ကူညီပေးတယ်။

“တခြားသူတွေ ကျွန်တော့်ဆီ ထောင်ဝင်စာ လာမတွေ့နိုင်ပေမဲ့ နှုတ်ဆက်လိုက်ကြောင်း မိဘတွေ ပြောပြတယ်။ ဒီလိုထောက်မမှုတွေက ထောင်ဒဏ်ပြီးဆုံးတဲ့အထိ ခံနိုင်ရည် ရှိဖို့ အကူအညီ ဖြစ်စေတယ်။”

ဗန်ယာမင်အတွက် ခွန်အားဖြစ်စေတဲ့ ကျမ်းချက်တစ်ချက်ကတော့ ဟေရှာယ ၅၄:၁၇ ဖြစ်တယ်။ “မင်းကို တိုက်ခိုက်ဖို့လုပ်တဲ့ လက်နက်တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး” လို့ ပြောထားတယ်။ အဲဒီလို ကျမ်းချက်တွေနဲ့ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေက ဒီယုံကြည်ခြင်း စမ်းသပ်မှုကို ခံရပ်နိုင်ဖို့ ဗန်ယာမင်ကို ကူညီပေးပါလိမ့်မယ်။