၂၀၂၁၊ ဇန်နဝါရီ ၁၃
တာ့ခ်မင်နစ္စတန်
တာ့ခ်မင် တရားရုံးက ရုစလန် အာတီမိုင်ရာဒို့ဗ်ကို ထောင်ဒဏ် နှစ်နှစ် ချမှတ်
၂၀၂၁၊ ဇန်နဝါရီ ၁၁ မှာ တာ့ခ်မင် စစ်ဘက်ဆိုင်ရာ တရားရုံးက ညီအစ်ကို ရုစလန် အာတီမိုင်ရာဒို့ဗ်ကို ထောင်ဒဏ် နှစ်နှစ် စီရင်ချက် ချမှတ်လိုက်တယ်။ ကြားနေမှုကြောင့် ဒုတိယအကြိမ် ထောင်ကျခံရတာ ဖြစ်တယ်။
စီရင်ချက်ကို ကြေညာချိန်မှာ ညီအစ်ကို ရုစလန် တည်တည်ငြိမ်ငြိမ် ရှိပြီး ပြုံးနေတယ်။ သူ့ကို ခေါ်သွားချိန်မှာ “အဆုံးထိ ခံနိုင်ရည် ရှိသူဟာ ကယ်တင်ခံရလိမ့်မယ်” ဆိုတဲ့ မဿဲ ၂၄:၁၃ မှာ ပါတဲ့ ယေရှုရဲ့ စကားတွေကို ပြောသွားတယ်။
တာ့ခ်မင်နစ္စတန်နိုင်ငံမှာ ရှိတဲ့ လူငယ်ညီအစ်ကိုတွေရဲ့ ယုံကြည်ခြင်းကြောင့် ကျွန်တော်တို့ သိပ်အားရှိပါတယ်။ “ရှေ့မှာ ရှိတဲ့ ဝမ်းမြောက်စရာအကြောင်းကြောင့်” အများကြီး ခံရပ်ခဲ့တဲ့ ယေရှုရဲ့ စံနမူနာကို သူတို့ လိုလိုလားလား လိုက်လျှောက်နေတာ ဖြစ်တယ်။—ဟီဘရူး ၁၂:၂။