မာတိကာဆီ ကျော်သွား

လွတ်ငြိမ်း​ချမ်းသာခွင့်​နဲ့ လွတ်မြောက်​လာတဲ့ သက်သေခံတွေ​ထဲ​က အိုင်​ဘက် စ​လေ​ယက်၊ မတ်​ကာ​ရင်း အာမီ​နို နဲ့ ဘာ​ရမ် ရှ​မူ​ရာဒေါ့​ဖ်

နိုဝင်ဘာ ၁၃၊ ၂၀၁၄
တာ့ခ်မင်နစ္စတန်

တာ့ခ်​မင်​န​စ္စ​တန်​မှာ ယုံကြည်ချက်​ကြောင့် ထောင်ကျ​နေသူတွေကို ပြန်လွှတ်

တာ့ခ်​မင်​န​စ္စ​တန်​မှာ ယုံကြည်ချက်​ကြောင့် ထောင်ကျ​နေသူတွေကို ပြန်လွှတ်

မထင်မှတ်​ဘဲ တာ့ခ်​မင်​န​စ္စ​တန်​နိုင်ငံ သမ္မတ ဂါ​ဘ​န်​ဂူ​လီ ဘာ​ဒီ​မူ​ဟာ​မီ​ဒေါ့ဗ်​က ယုံကြည်ချက်​ကြောင့် ထောင်ကျ​နေတဲ့ ယေဟောဝါ​သက်သေ ရှစ်ဦး​ကို လွတ်ငြိမ်း​ချမ်းသာခွင့် ပေးခဲ့တယ်။ ၂၀၁၄၊ အောက်တိုဘာ ၂၂ မှာ တခြား အကျဉ်း​ကျနေ​သူတွေနဲ့​အတူ လွတ်မြောက်​လာတာ ဖြစ်တယ်။ သက်သေခံ​ခြောက်ယောက်​ကတော့ သူတို့ရဲ့ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆန်​တဲ့​အတွက်​ဖြစ်ပြီး နှစ်ယောက်​ကတော့ ဘာသာရေး​လုပ်ငန်း လုပ်ဆောင်​လို့​ဆိုပြီး မမှန်မကန်​စွဲချက်​တွေ​နဲ့ ထောင်ချ​ခံရ​တာ​ဖြစ်တယ်။

မယ်​ဒမ် အမ​န်​နာ့ဗ်​နဲ့ ပါ​ဗေး ပိုင်​မို့ဗ်

ယုံကြည်ချက်​ကြောင့် ထောင်ချ​ခံရသူတွေ​ဟာ အသက် ၁၈ နှစ်​နဲ့ ၂၃ နှစ်​ကြား လူငယ်တွေ​ဖြစ်ပြီး တာ့ခ်​မင် သဲကန္တာရ​မှာ​ရှိတဲ့ ဆာ​ဒီ အလုပ်ကြမ်း​စခန်း​မှာ ထောင်ချ​ခံရ​တာ ဖြစ်တယ်။ သူတို့​ထဲ​က လေးယောက်ကို​တော့ အထွေထွေ စခန်း​မှာ​ထားပေမဲ့ မတ်​ကာ​ရင်း အာမီ​နို နဲ့ ဒေါ့ဗ​ရမ် မတ်​စီ​ရာ​ကို​ဗို ကို​တော့ ပြစ်မှု “ထပ်​ကျူးလွန်​သူများ” ဆိုပြီး ပို​တင်းကျပ်​တဲ့​စခန်း​ကို ပို့​ခဲ့​ကြတယ်။ အဲဒီ​ထောင်​မှာ​ရှိ​နေချိန် လူငယ်တွေဟာ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရ​ပြီး ဆိုးရွား​တဲ့ အခြေအနေ​အောက်မှာ နေခဲ့​ကြရတယ်။

သက်သေခံ​နှစ်ယောက်​ဖြစ်တဲ့ အိုင်​ဘက် စ​လေ​ယက်၊ အသက် ၃၅ နှစ် နဲ့ ဘာ​ရမ် ရှ​မူ​ရာဒေါ့​ဖ် အသက် ၄၂ နှစ် တို့​လည်း မမှန်မကန်​စွဲချက်​တွေ​ကြောင့် ဆာ​ဒီ အလုပ်ကြမ်း​စခန်း​မှာ ထောင်ချ​ခံခဲ့ရတယ်။ သူတို့​နှစ်ယောက်ဟာ ဘာသာရေး​ယုံကြည်ချက်​နဲ့ လုပ်ဆောင်မှုတွေ​ကြောင့် ထောင်ကျ​နေတာ လေးနှစ်​ရှိနေပြီ။ သူတို့ဟာ တမင်​အကွက်​ဆင် ဖမ်းဆီး​ခံရ​တာ ဖြစ်ပြီး ထောင်ကျ​နေချိန်မှာ​လည်း နှိပ်စက်တာ​ကို ခံခဲ့ရတယ်။

အမီ​ရာ​လ​န် ထိုး​လ်​ကာ​ချက်​ဗ်

သက်သေခံ​ဖြစ်တဲ့ ရု​စ​လ​န် နာ​ကူလီ​ယက်ဖ် တစ်ယောက် တာ့ခ်​မင်​န​စ္စ​တန် ထောင်​ထဲမှာ ကျန်​နေ​သေးတယ်။ သူဟာ လွတ်ငြိမ်း​ချမ်းသာခွင့် မ​ကြေညာ​ခင် အပတ်​အနည်းငယ်​က ထောင်ကျ​ခဲ့​တာ​ဖြစ်လို့ သူ့ရဲ့​နာမည်ကို သမ္မတ​ရုံး​က မသိ​ခဲ့​တာ ဖြစ်နိုင်ပါတယ်။ သူ​လွတ်မြောက်​ဖို့​အတွက် တရားရေး​ကိုယ်စားလှယ်​တွေ​က တာ့ခ်​မင် အာဏာပိုင်တွေ​နဲ့ လုပ်ဆောင်နေ​ကြပါတယ်။

ယုံကြည်ချက်​ကြောင့် ထောင်ကျ​နေတဲ့​သူ ရှစ်ယောက်​ကို လွှတ်​ပေးဖို့ လွတ်ငြိမ်း​ချမ်းသာခွင့် ပေးတဲ့ သမ္မတ ဘာ​ဒီ​မူ​ခါ​မီ​ဒေါ့ဗ်​ရဲ့ ဆုံးဖြတ်​လုပ်ဆောင်မှု​ဟာ ချီးမွမ်းစရာ ကောင်းပါတယ်။ ဘာသာရေး​လွတ်လပ်ခွင့် မြတ်နိုးသူ​တွေ​က ဒါဟာ တာ့ခ်​မင်​န​စ္စ​တန်​မှာ ပြောင်းလဲမှု​ဖြစ်တော့မယ်​ဆိုတဲ့ လက္ခဏာ​လို့ မျှော်လင့်​နေပြီး ဒီ​ပြောင်းလဲမှု​ကြောင့် ယေဟောဝါ​သက်သေတွေဟာ ထောင်ချ၊ နှိပ်စက်​ခံရ​တာ​တွေ မရှိဘဲ သူတို့ရဲ့ ယုံကြည်ချက်​အတိုင်း နေထိုင်​နိုင်ကြ​မှာ ဖြစ်တယ်။