မာတိကာဆီ ကျော်သွား

မတ် ၂၀၊ ၂၀၁၉
တာ့ခ်မင်နစ္စတန်

ဘာ​ရမ် ဟ​မ်​ဒါ​မို ထောင်​ကနေ လွတ်​ပြီ

ဘာ​ရမ် ဟ​မ်​ဒါ​မို ထောင်​ကနေ လွတ်​ပြီ

အသက် ၅၅ နှစ်အရွယ် ဘာ​ရမ် ဟ​မ်​ဒါ​မို​ဟာ ဆာ​ဒီ​အကျဉ်းထောင် (LB-E/1​2) မှာ ထောင်ဒဏ် လေးနှစ် ကျ​ခံ​ပြီးနောက် ၂၀၁၉၊ ဖေဖော်ဝါရီ ၁၃ ရက်​နေ့မှာ တာ့ခ်​မင်​န​စ္စ​တန် ထောင်​ကနေ လွတ်​လာ​ပါပြီ။ ဇနီး ဂူ​ဇီ​ရာ၊ သားသမီး​လေးယောက်​နဲ့ ပြန်ဆုံ​ဆည်း​ခွင့် ရသွား​ပါပြီ။ ၂၀၁၅၊ မတ်လ ၁၄ ရက်​တုန်း​က တာ့ခ်​မင်​န​ဘ​တ်​မြို့၊ ကျေးရွာ​တစ်ခုက မစ္စတာ ဟ​မ်​ဒါ​မို​ရဲ့ အိမ်မှာ ငြိမ်သက်​အေးချမ်း​စွာ ဘာသာရေး ဝတ်ပြု​အစည်းအဝေး လုပ်​နေတုန်း ဖမ်းဆီး​ခံခဲ့ရ​တာ ဖြစ်တယ်။ လီ​ဘ​ပ် ခရိုင်​တရားရုံး​က ၂၀၁၅၊ မေ ၁၉ ရက်​နေ့မှာ မစ္စတာ ဟ​မ်​ဒါ​မို​ကို ပြစ်ဒဏ်​စီရင်ခဲ့​တယ်။ မစ္စတာ ဟ​မ်​ဒါ​မို ထောင်ကျ​နေချိန်​အတွင်း တာ့ခ်​မင်​န​စ္စ​တန်​အစိုးရက တစ်နှစ်​ကို ပျမ်းမျှ သုံးကြိမ်​ခန့် လွတ်ငြိမ်း​ချမ်းသာခွင့် ပေးခဲ့တယ်။ လူသတ်သမား​တွေ လွတ်ငြိမ်း​ချမ်းသာခွင့် ရသွား​ကြပေမဲ့ မစ္စတာ ဟ​မ်​ဒါ​မို​ကို​တော့ အကြိမ်တိုင်း ချန်​ထားခဲ့​ကြတယ်။ မစ္စတာ ဟ​မ်​ဒါ​မို​က ၂၀၁၆၊ ဩဂုတ် ၁၅ ရက်​နေ့မှာ ကုလသမဂ္ဂ လူ့​အခွင့်အရေး ကော်မတီ (CCPR) ထံ တိုင်​စာ တင်​ခဲ့​ပေမဲ့ အခု​အထိ ဆိုင်းငံ့​ထား​ဆဲ​ပါ။ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆန်​ကြ​တဲ့ ယေဟောဝါ​သက်သေတွေကို နှိပ်စက်​ညှဉ်းပန်း​ခြင်း၊ ထောင်ချခြင်း မပြုဖို့ CCPR က တာ့ခ်​မင်​န​စ္စ​တန် အစိုးရကို ဆယ်​ကြိမ်​တိုင် စီရင်ချက် ထုတ်ပြန်ခဲ့​ပေမဲ့ တာ့ခ်​မင်​န​စ္စ​တန်​ထောင်​မှာ ယေဟောဝါ​သက်သေ ဆယ့်တစ်​ယောက်ဟာ စစ်မှုထမ်း​ဖို ငြင်းဆန်​မှု​နဲ့ ထောင်ကျ​နေပါတယ်။