မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၈၊ ၂၀၂၁
တာ့ခ်မင်နစ္စတန်

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ ညီအစ်ကို အာတာ ယင်ယီဘိုင်ယေ့ဗ် ဒုတိယအကြိမ် ပြစ်ဒဏ် ချမှတ်ခံရ

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ ညီအစ်ကို အာတာ ယင်ယီဘိုင်ယေ့ဗ် ဒုတိယအကြိမ် ပြစ်ဒဏ် ချမှတ်ခံရ

စီရင်ချက်

၂၀၂၁၊ ဇန်နဝါရီ ၁၈ မှာ တာ့ခ်မင် တရားရုံးက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ ညီအစ်ကို အာတာ ယင်ယီဘိုင်ယေ့ဗ်ကို ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်။ ကြားနေမှုကြောင့် ဒုတိယအကြိမ် ပြစ်ဒဏ်ချမှတ်ခံရတာ ဖြစ်တယ်။

ကိုယ်ရေးအကျဉ်း

အာတာ ယင်ယီဘိုင်ယေ့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၉၇ (ဆာဒီ)

  • ဘဝအတ္ထုပ္ပတ္တိ။ အာတာ ငယ်စဉ်ကတည်းက အခက်အခဲတွေ ကြုံရတယ်။ ဒါကြောင့် ကမ္ဘာမှာ မတရားမှုတွေ ဘာကြောင့် ဒီလောက် များနေတာလဲလို့ စဉ်းစားမိတယ်။ ဒါကို ယေဟောဝါသက်သေ အစ်မနဲ့ ဆွေးနွေးဖြစ်တယ်။ အသက် ၁၃ နှစ်မှာ ကျမ်းစာ စလေ့လာဖြစ်တယ်။ ၂၀၁၄ မှာ နှစ်ခြင်းခံတယ်

    အဆောက်အအုံ ပြုပြင်ထိန်းသိမ်းတဲ့ ဆောက်လုပ်ရေး လုပ်ငန်းမှာ လုပ်တယ်။ အာတာဟာ ကြင်နာပြီး တာဝန်ယူတတ်တဲ့ သား ဖြစ်တယ်လို့ မိဘတွေ ပြောတယ်။ ပတ်ဝန်းကျင်မှာ ရိုးသားတဲ့ လူငယ်အဖြစ် သိထားကြတယ်

အမှုနောက်ကြောင်း

၂၀၁၆၊ ဩဂုတ် ၈ မှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်လို့ ယာယီ ထိန်းသိမ်းရေးစခန်းမှာ အာတာ ထိန်းသိမ်းခံရတယ်။ ဩဂုတ် ၃၀ မှာ ပြုပြင်ရေးစခန်းမှာ နှစ်နှစ် နေဖို့ စီရင်ချက် ချခံရတယ်။ ၂၀၁၈၊ စက်တင်ဘာမှာ သက်တမ်း ပြည့်သွားတယ်။

၂၀၂၀၊ ဒီဇင်ဘာ ၁၅ မှာ စစ်မှုထမ်းဖို့ ဒုတိယအကြိမ် ဆင့်ခေါ်ခံရတယ်။ မကြာခင်မှာပဲ အစိုးရ ရှေ့နေရုံးရဲ့ စစ်ဆေးမေးမြန်းမှု ခံရတယ်။ စစ်မှုထမ်းဖို့ ငြင်းဆန်ရတဲ့ အကြောင်းရင်းကို စာရေး ရှင်းပြဖို့ တောင်းဆိုခံရတယ်။

ဒီဇင်ဘာ ၃၀ မှာ အစိုးရ ရှေ့နေရုံးက ရာဇဝတ်မှုနဲ့ တရားစွဲလိုက်ပြီ ဖြစ်ကြောင်း အသိပေးတယ်။ နိုင်ငံကူးလက်မှတ်ကိုလည်း သိမ်းလိုက်တယ်။

ပထမအကြိမ် ထောင်ဒဏ်ပြီးနောက် “ယေဟောဝါကို ဆက်သစ္စာ မရှိအောင် ဘာကမှ တားဆီးလို့ မရကြောင်း ရောမ ၈:၃၇-၃၉ မှာ ပါတဲ့ စကားတွေက ယုံကြည်စိတ်ချစေတယ်” လို့ အာတာ ပြောတယ်။ ယေဟောဝါရဲ့ ကူညီမစမှုကြောင့် ဒီအခက်အခဲကို အာတာ ခံရပ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။