မာတိကာဆီ ကျော်သွား

ညီအစ်ကို အီလိုစဘက် ရိုမီတို့ဗ်

၂၀၂၁၊ ဇန်နဝါရီ ၂၂
တာ့ခ်မင်နစ္စတန်

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ ညီအစ်ကို အီလိုစဘက် ရိုမီတို့ဗ် ဒုတိယအကြိမ် ထောင်ဒဏ် ချမှတ်ခံရ

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ ညီအစ်ကို အီလိုစဘက် ရိုမီတို့ဗ် ဒုတိယအကြိမ် ထောင်ဒဏ် ချမှတ်ခံရ

စီရင်ချက်

တာ့မင် တရားရုံးက ညီအစ်ကို အီလိုစဘက် ရိုမီတို့ဗ်ကို ၂၀၂၁၊ ဇန်နဝါရီ ၁၉ မှာ စီရင်ချက်ချခဲ့တယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့အတွက် လုံခြုံရေး တင်းကျပ်တဲ့ အကျဉ်းထောင်မှာ နှစ်နှစ် ထောင်ဒဏ် ချမှတ်ခံရတယ်။ ကြားနေမှုကြောင့် ဒုတိယအကြိမ် ထောင်ချခံရတာ ဖြစ်တယ်။

ကိုယ်ရေးအကျဉ်း

အီလိုစဘက် ရိုမီတို့ဗ်

  • မွေးဖွားတဲ့နှစ်– ၁၉၉၇ (အန်ဒါလစ်မြို့)

  • ဘဝအတ္ထုပ္ပတ္တိ– မွေးချင်း နှစ်ယောက် ရှိတယ်။ ကျောင်းပြီးနောက် အသက် ဆယ်နှစ်ပဲ ရှိသေးချိန်မှာ မိသားစုကို ထောက်ပံ့ဖို့ ကျောင်းချိန်ပြီးတာနဲ့ အလုပ်လုပ်တယ်။ အားကစား လုပ်ရတာ ကြိုက်တယ်။ စာဖတ် ဝါသနာပါတယ်။ သီချင်း နားထောင်ရတာ နှစ်သက်တယ်။ ၂၀၁၀ မှာ မိခင် ကျမ်းစာ စလေ့လာတယ်။ တစ်နှစ်အကြာမှာ သူလည်း စလေ့လာတယ်

အမှုနောက်ကြောင်း

၂၀၁၈၊ ဇူလိုင် ၁၁ မှာ အသက် ၂၀ အရွယ် အီလိုစဘက် ရိုမီတို့ဗ်ဟာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့အတွက် ဆာဒီမြို့က အလုပ်ကြမ်းစခန်းမှာ တစ်နှစ် ထောင်ချခံရတယ်။ ထောင်သက် ပြည့်သွားတော့ လွတ်လာတယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့အတွက် တာ့ခ်မင် ဥပဒေအရ ဒုတိယအကြိမ် အမှုလုပ်နိုင်တယ်။

၂၀၂၀၊ နိုဝင်ဘာ ၂၅ မှာ စစ်မှုထမ်းဖို့ ထပ်ဆင့်ခေါ်ခံရတယ်။ ခရစ်ယာန် ယုံကြည်ချက်တွေကို အီလိုစဘက် လေးလေးစားစား ရှင်းပြတယ်။ ဒါပေမဲ့ အရာရှိတွေက ရာဇဝတ်မှုနဲ့ အမှုဖွင့်လိုက်တယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်သူအနေနဲ့ ဒုတိယအကြိမ်မှာ ထောင်ဒဏ် ပိုများတယ်။

ပထမတစ်ကြိမ် ထောင်ကျတုန်းက ထောင်သားဘဝဟာ “သိပ်ခက်ခဲတယ်” လို့ အီလိုစဘက် ပြောတယ်။ သူ့ကို ထောက်ကူပေးတာကတော့ ထောင်မကျခင်က ဖတ်ထားတဲ့၊ အလွတ်ကျက်မှတ်ထားတဲ့ ကျမ်းချက်တွေပါပဲ။ အထူးသဖြင့် ဖိလိပ္ပိ ၄:၆၊ ၇ ကို တွေးတောခြင်းကနေ အကျိုးရခဲ့တယ်။ အဲဒီကျမ်းချက်က “ဘာမှ မစိုးရိမ်” ဖို့၊ “ဘုရားသခင့် ငြိမ်သက်ခြင်း” ရအောင် ဆုတောင်းဖို့၊ စိုးရိမ်ပူပန်ချိန်မှာ တည်တည်ငြိမ်ငြိမ် ရှိနေဖို့ ကူညီပေးတယ်။ “အဲဒီခက်ခဲချိန်တွေအတွင်း ယေဟောဝါဆီ ကျွန်တော် ဆုတောင်းတယ်။ ကျွန်တော့်အနားမှာ ဘုရား ရှိနေသလို ခံစားရတယ်” လို့ ပြောတယ်။

အီလိုစဘက်ကိုရော၊ ယေဟောဝါဘုရားကို မျှော်လင့်နေသူ အားလုံးကိုပါ ဘုရား ဆက်ခွန်အားပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချပါတယ်။—ဟေရှာယ ၄၀:၂၉-၃၁