မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၁၀၊ ၂၀၁၆
တာ့ခ်မင်နစ္စတန်

တာ့ခ်​မင်​န​စ္စ​တန် လွတ်ငြိမ်း​ချမ်းသာခွင့်​ထဲမှာ ယေဟောဝါ​သက်သေ​နှစ်ယောက် မပါ

တာ့ခ်​မင်​န​စ္စ​တန် လွတ်ငြိမ်း​ချမ်းသာခွင့်​ထဲမှာ ယေဟောဝါ​သက်သေ​နှစ်ယောက် မပါ

တာ့ခ်​မင်​န​စ္စ​တန် သမ္မတ​က အကျဉ်းသား ၁,၅၀၀ ကျော်​ကို ၂၀၁၆၊ အောက်တိုဘာ ၂၅ ရက်​နေ့မှာ လွတ်ငြိမ်း​ချမ်းသာခွင့် ပေးခဲ့တယ်။ ဒါပေမဲ့ ဆာ​ဒီ​ထောင် (LB-E/1​2) မှာ အကျဉ်း​ကျနေ​တဲ့ ယေဟောဝါ​သက်သေ နှစ်ယောက်၊ ဘာ​ရမ် ဟ​မ်​ဒါ​မို​နဲ့ မ​န်​ဆူ မာ​ရှ​ရီ​ပို​တို့ မပါ​ကြဘူး။

မစ္စတာ ဟ​မ်​ဒါ​မို​ဟာ တာ့ခ်​မင်​န​ဘ​တ်​မြို့က အိမ်မှာ ငြိမ်သက်​အေးချမ်း​စွာ ဘာသာရေး အစည်းအဝေး ကျင်းပ​မှု​ကြောင့် ၂၀၁၅၊ မတ်လ ကတည်းက ထောင်ကျ​နေတာ​ဖြစ်တယ်။ တာ့ခ်​မင်​န​စ္စ​တန် တရားရုံး​က တရားမဝင် ဘာသာရေး လုပ်ဆောင်မှု​နဲ့ သူ့ကို ထောင်ဒဏ် လေးနှစ် ချမှတ်​ခဲ့တယ်။ မစ္စတာ မာ​ရှ​ရီ​ပို​ကို မတရား​စွပ်စွဲ​ပြီး ၂၀၁၆၊ ဇွန်လ၊ အာရှ​ဂါ​ဘ​တ်​မြို့မှာ ဖမ်းဆီး​ကာ ထောင်ဒဏ် တစ်နှစ် ချမှတ်​ခဲ့တယ်။ မိသားစုဝင်​တွေ​နဲ့ ကမ္ဘာ​တစ်ဝန်း​က ယေဟောဝါ​သက်သေတွေဟာ လွတ်​တဲ့​ထဲမှာ သူတို့​နှစ်ယောက်​မပါ​လို့ စိတ်မကောင်း ဖြစ်​ကြပေမဲ့ နောက်​တစ်ကြိမ် လွတ်ငြိမ်း​ချမ်းသာခွင့် ပေးတဲ့​အခါ သူတို့ ပါ​မယ်​လို့ မျှော်လင့်​နေကြပါတယ်။