မာတိကာဆီ ကျော်သွား

မေ ၁၆၊ ၂၀၁၇
တာ့ခ်မင်နစ္စတန်

တာ့ခ်မင်နစ္စတန်ထောင်ကနေ လွတ်မြောက်လာတဲ့ မန်ဆူ မာရှရီပို

တာ့ခ်မင်နစ္စတန်ထောင်ကနေ လွတ်မြောက်လာတဲ့ မန်ဆူ မာရှရီပို

၂၀၁၇၊ မေ ၁၂ မှာ တာ့ခ်မင်နစ္စတန်နိုင်ငံက အာဏာပိုင်တွေဟာ မန်ဆူ မာရှရီပိုကို ထောင်ကနေ လွှတ်ပေးလိုက်တယ်။ တစ်နှစ်နီးပါး အကျဉ်းကျခဲ့ပြီး နောက်ဆုံးတော့ မိသားစုအိမ်ကို ပြန်ရောက်လာလို့ သူ ဝမ်းသာတယ်။

၂၀၀၄၊ မေလတုန်းကလည်း မစ္စတာမာရှရီပိုဟာ စစ်မှုထမ်းဖို့ ငြင်းဆိုခဲ့တဲ့အတွက် ရက်စက်ကြမ်းကြုတ်ပြီး ရောဂါထူတယ်လို့ နာမည်ကြီးတဲ့ ဆာဒီမြို့က အလုပ်ကြမ်းစခန်းမှာ ၁၈ လ ထောင်ဒဏ်ကျခံဖို့ ဒါ့ရှိုဂုဇ်တရားရုံးက အမိန့်ချမှတ်ခဲ့တယ်။ ၂၀၀၅၊ မေလမှာ အထူးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ သူ လွတ်လာတဲ့အခါ ကျန်းမာရေးအတော် ထိခိုက်နေပြီ။ ၂၀၁၄၊ ဇူလိုင်လမှာ ရဲတွေ သူ့အိမ်ထဲဝင် ရှာဖွေပြီး ဘာသာရေးစာပေတွေကို သိမ်းသွားတယ်။ သူဖမ်းချုပ်ခံရချိန်မှာ ရဲတွေက အကြိမ်ကြိမ်ရိုက်နှက်၊ ခြိမ်းခြောက်ပြီး ဆေးဖြတ်ဌာနမှာ မူးယစ်ဆေးတွေ သွင်းကြတယ်။ ဆေးသွင်းချိန်မှာ အလူးအလဲခံစားရပြီး မလှုပ်ရှားနိုင်ဘူး။ ဒါကြောင့် အသက်ဆုံးရှုံးမှာစိုးလို့ ၂၀၁၆၊ ဇွန်လအထိ ပုန်းရှောင်နေခဲ့ရတယ်။

မစ္စတာမာရှရီပိုကို ထောင်ကနေ လွှတ်ပေးလိုက်လို့ ယေဟောဝါသက်သေတွေ ဝမ်းသာကြတယ်။ ဒါပေမဲ့ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့်မရအောင် တာ့ခ်မင်နစ္စတန် အာဏာပိုင်တွေ နိုင်ထက်စီးနင်း ပြုနေတဲ့အတွက် စိုးရိမ်နေကြတယ်။ ဘာရမ် ဟမ်ဒါမိုလည်း ထောင်ကလွတ်ဖို့ သက်သေခံတွေ ဆက်ကူညီပေးနေကြတယ်။ ဘာရမ်ဟာ သူ့အိမ်မှာ သက်သေခံလူနည်းစုနဲ့အတူ အေးဆေးငြိမ်သက်စွာ ဝတ်ပြုနေတုန်း အဖမ်းခံရပြီး ဆာဒီမြို့ အလုပ်ကြမ်းစခန်းမှာ ထောင်ကျနေတာ သုံးနှစ်ရှိပြီ။