မာတိကာဆီ ကျော်သွား

ညီအစ်ကို ရာစူးလ် ရော့ဇ်ဘာယေ့ဗ်

၂၀၂၁၊ မတ် ၂၃
တာ့ခ်မင်နစ္စတန်

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့အတွက် နှစ်ဆယ့်တစ်နှစ်အရွယ် ညီအစ်ကို ရာစူးလ် ရော့ဇ်ဘာယေ့ဗ် ဒုတိယအကြိမ် စီရင်ချက် ချခံရ

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့အတွက် နှစ်ဆယ့်တစ်နှစ်အရွယ် ညီအစ်ကို ရာစူးလ် ရော့ဇ်ဘာယေ့ဗ် ဒုတိယအကြိမ် စီရင်ချက် ချခံရ

စီရင်ချက်

၂၀၂၁၊ မတ် ၁၆ မှာ တာ့ခ်မင် တရားရုံးက ညီအစ်ကို ရာစူးလ် ရော့ဇ်ဘာယေ့ဗ်ရဲ့ အမှုကို စီရင်ချက် ချတယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့အတွက် ထောင်နှစ်နှစ် ချခံရတယ်။ ဒါဟာ ကြားနေမှုကြောင့် ဒုတိယအကြိမ် ထောင်ချခံရတာ ဖြစ်တယ်။

ကိုယ်ရေးအကျဉ်း

ရာစူးလ် ရော့ဇ်ဘာယေ့ဗ်

  • မွေးဖွားတဲ့နှစ်– ၁၉၉၉ (ဟာလန်း)

  • ဘဝအတ္ထုပ္ပတ္တိ– အစ်မ နှစ်ယောက်၊ ညီ တစ်ယောက် ရှိတယ်။ အထက်တန်းကျောင်းပြီးနောက် ဆံပင်ညှပ်ပညာ သင်ယူတယ်။ ဘောလုံး၊ ဘော်လီဘော ကစားတာ၊ ရေကူးတာ ကြိုက်တယ်

    ရာစူးလ် ကလေးအရွယ်မှာ မိဘတွေ ယေဟောဝါသက်သေ ဖြစ်လာတယ်။ ၂၀၁၃ မှာ နှစ်ခြင်းခံတယ်

အမှုနောက်ကြောင်း

၂၀၁၇၊ ဒီဇင်ဘာ ၁၉ မှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့အတွက် ပထမအကြိမ် ပြစ်ဒဏ်စီရင်ခံရတယ်။ ပြုပြင်ရေး အလုပ်စခန်းမှာ နှစ်နှစ် နေရတယ်။ လယ်တစ်ကွက်ကို ထွန်ယက်ပြီး ဂျုံစိုက်ရတယ်။ ထွက်လာတဲ့ သီးနှံ ၂၀ ရာခိုင်နှုန်းကို အစိုးရကို ပေးရတယ်။ လယ်က အိမ်နဲ့ အတော် ဝေးတယ်။ ကားမရှိလို့ ခြေကျင် လျှောက်သွားရတယ်။

တာ့ခ်မင် ဥပဒေအရ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်သူကို ဒုတိယအကြိမ် အမှုလုပ်နိုင်တယ်။ ဒါကြောင့် ၂၀၂၀၊ ဧပြီ ၂၂ မှာ စစ်သား စုဆောင်းရေးရုံးက စစ်မှုထမ်းဖို့ ထပ်ဆင့်ခေါ်တယ်။ ရာစူးလ်ဟာ အကြိမ်ကြိမ် စစ်ရုံးကို သွားရ၊ စစ်ဆေးမေးမြန်းခံရပြီး ဆေးစစ်ရတယ်။ ထောင်ချမယ်လို့လည်း ခြိမ်းခြောက်ခံရတယ်။ ၂၀၂၁၊ ဇန်နဝါရီ ၂၂ မှာ အမှုကို အစိုးရ ရှေ့နေတွေဆီ လွှဲပေးလိုက်တယ်။

ကိုယ်နဲ့ ထပ်တူအခက်အခဲ ကြုံနေရတဲ့ ညီအစ်ကို ညီအစ်မတွေရဲ့ ပုံသက်သေကနေ ရာစူးလ် ခွန်အား ရတယ်။ “သူတို့ရဲ့ ပုံသက်သေက ယေဟောဝါကို မှီခိုအားကိုးဖို့ ကူညီပေးတယ်။ . . . စမ်းသပ်မှု ကြုံရချိန်မှာ အားရှိစေတယ်။ ဆက်သစ္စာရှိမယ်ဆိုရင် ယေဟောဝါနဲ့ ယေရှုကို ပျော်ရွှင်စေနိုင်မယ်” လို့ ရာစူးလ် ပြောတယ်။ ဒါဟာ တစ်မိသားစုလုံးအတွက်လည်း ယုံကြည်ခြင်း စမ်းသပ်မှုပါပဲ။ ဒီအချိန်အတွင်း မိမိကို အားရှိစေတဲ့အရာအကြောင်း မိခင်ဖြစ်သူ ဒီလိုပြောတယ်– “ဒီလို စမ်းသပ်မှုမျိုး ကြုံနေတာ ကျွန်မ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ကျမ်းစာ ပုံနမူနာတွေ၊ အဖွဲ့အစည်း ဗီဒီယိုတွေကနေ သိလာတယ်။ တခြား ညီအစ်ကို ညီအစ်မတွေလည်း ကြုံနေရတယ်။ သူတို့ အောင်မြင်စွာ ရင်ဆိုင်နေကြတယ်။ သူတို့ရဲ့ ပုံသက်သေက ဆက်ခံရပ်ဖို့ အားရှိစေတယ်။”

အထူးသဖြင့် ဆာလံ ၃၇:၂၃၊ ၂၄ မှာ ပါတဲ့ စကားတွေကနေ ရာစူးလ် ခွန်အား ရတယ်။ ယေဟောဝါရဲ့ အကူအညီကြောင့် ရာစူးလ်နဲ့ တခြား သတ္တိခဲ လူငယ်တွေ သစ္စာသမာဓိနဲ့ ပျော်ရွှင်မှု ဆက်ထိန်းထားနိုင်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။