မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၂၊ ၂၀၁၉
တိုဂို

တိုဂိုမှာ ရေကြီး

တိုဂိုမှာ ရေကြီး

တိုဂိုနိုင်ငံရဲ့ ၂၀၁၉ ခုနှစ် မိုးရာသီမှာ ရက်ရှည် မိုးသဲသဲမဲမဲ ရွာလို့ တိုဂိုနိုင်ငံ၊ လိုမာမြို့ရဲ့ တချို့ဒေသတွေမှာ ရေလွှမ်းမိုးခဲ့တယ်။ အသင်းတော် ၇ ခုက ကြေညာသူ ၂၅၇ ယောက် ရေဘေး သင့်ခဲ့တယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

ရေဘေးသင့်နေရာတချို့မှာဆိုရင် ရေဝင်တာ တစ်မီတာ (၃ ပေ၊ ၃ လက်မ) လောက်ရှိလို့ ညီအစ်ကို၊ ညီအစ်မ ၅၁ ယောက် ရွှေ့ပြောင်းခဲ့ရတယ်။ အနီးအနားက ညီအစ်ကို၊ ညီအစ်မတွေက ရေဘေးသင့်တဲ့ ညီအစ်ကို၊ ညီအစ်မတွေကို သူတို့ရဲ့အိမ်မှာ လက်ခံထားကြတယ်။

ရေကြီးရေလျှံမှုကြောင့် ရေတွင်း၊ ရေကန်တွေ ညစ်ညမ်းကုန်တယ်။ တိုဂိုနိုင်ငံရဲ့ အမှုဆောင်လုပ်ငန်းကို ကြီးကြပ်ပေးနေတဲ့ ဘီနင် ဌာနခွဲကော်မတီဟာ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဒေသခံ အကြီးအကဲတွေကတစ်ဆင့် ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဝေပေးနေတယ်။ အဲဒီထဲမှာ ရေသန့်ဆေးပြားတွေ၊ ပိုးသတ်ဆေးတွေ၊ ချွတ်ဆေးတွေ ပါတယ်။

ကိုယ်ကျိုးစွန့်မေတ္တာပြပြီး ကူညီပေးခဲ့ကြတဲ့ တိုဂိုက ညီအစ်ကို၊ ညီအစ်မတွေကို ယေဟောဝါ ကောင်းချီးပေးဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။—ယောဟန် ၁၃:၃၄၊ ၃၅